Main menu

ရွှေတောင်မြို့နယ်တွင် ကျောက်ဖရုံသီးစိုက်ပျိုး၍ ဈေးကောင်းရလျက်ရှိ

Powered by Drupal

      ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စုတွင် ကျောက်ဖရုံသီးစိုက်ပျိုးပြီး ဝင်ငွေများရရှိလျက်ရှိပါသည်။ မီးလောင်အုပ်စုတွင် ကျောက်ဖရုံသီးစိုက်ပျိုးသူ (၈)ဦးရှိပြီး ၂၀၂၄ခုနှစ်၊ မေလတွင် ကျောက်ဖရုံစင်တစ်စင်လျှင် ကုန်ကျစရိတ်အနေဖြင့် ၅၀၀၀၀၀ကျပ်ခန့်ကုန်ကျကြောင်းသိရပါသည်။ ကျောက်ဖရုံသီးပေါ်ချိန်တွင် စင်တစ်စင်လျှင် တစ်လ (၄)ကြိမ်ခူးဆွတ်ရပြီး၊ အနည်းဆုံး (၃)လအထိခူးဆွတ်ရပါသည်။ တစ်ကြိမ်လျှင် အလုံးပေါင်း(၅၀)ခန့်ခူးဆွတ်ရပါသည်။  ၂၀၂၄ခုနှစ်၊ မေလတွင် ရောင်းဈေးအနေဖြင့် တစ်လုံးလျှင် အနည်းဆုံး ၂၀၀၀ကျပ်ဖြင့် ရောင်းချကြောင်းသိရပါသည်။ ကျောက်ဖရုံစင်တစ်စင်လျှင် ဝင်ငွေမှာ ၁၂၀၀၀၀၀ကျပ်ရရှိပြီး အကျိုးအမြတ်အနေဖြင့် ၇၀၀၀၀၀ကျပ်ခန့်ရရှိကြောင်းသိရပါသည်။ ဈေးကွက်အနေဖြင့် ထွက်ရှိလာသောကျောက်ဖရုံသီးများကို ရန်ကုန်မြို့သို့တင်ပို့သည့်အပြင် ဒေသတွင်းနှင့်နယ်မြို့များမှ ကျောက်ဖရုံယိုလုပ်သူများအားလည်း ရောင်းချကြောင်းသိရပါသည်။

DOCA(ပဲခူး)