Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
06 Jun 2024

      မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ မန်းသံပုရာကန်ကျေးရွာအုပ်စုရှိ မန်းသံပုရာကန်ကျေးရွာတွင် မိုးနှမ်းကို ၂၀၂၄ခုနှစ်၊ ဇွန်လ(ပထမပတ်)မှစတင်၍ တောင်သူ(၅၅)ဦးမှာ စိုက်ဧက(၃၀၀)ဧကကျော်စိုက်ပျိုးထားကြောင်း၊ နှမ်းနီနှင့်နှမ်းဖြူမျိုးကို အများဆုံးစိုက်ပျိုးကြပြီး ပဲစင်းငုံသီးနှံကိုလည်း သီးညှပ်အဖြစ်ရော၍ စိုက်ပျိုးကြကြောင်းသိရပါသည်။

06 Jun 2024

    ဒညင်းသီးသည် မိုးဦးကျကာလမှ ပေါ်တတ်သောအသီးတစ်မျိုးဖြစ်ပြီး မြန်လူမျိုးများအ‌နေဖြင့် ကြိုက်နှစ်သက်သော အစားအစာတစ်မျိုးလည်းဖြစ်ပါသည်။ ဒညင်းသီး အစိမ်းနုနုလေးကို  တို့စားခြင်း၊ ပြုတ်၍အတို့အမြှပ်အနေဖြင့် လည်းကောင်း၊ ဒညင်းသီးကို ပြုတ်၍ ဆီဆမ်း၍ ဆားအနည်းငယ်ထည့်ပြီး စားသုံးမှုရှိသလိုဝက်သားနှင့်ရော၍ ဟင်းချက်စားသုံးမှုရှိကြောင်း ၊ထို့အပြင် ဆားရည်စိမ်၍လည်းကောင်း၊ သဲမြေထဲတွင် အပင်ဖောက်၍ ဒညင်းဝက်ပြုလုပ်၍လည်းကောင်း စားတတ်ကြသည်။ဒညင်းသီးစားခြင်းဖြင့် ခံတွင်းအနံ့ထွက်ခြင်း ဆီးနှင့်ဝမ်းတွင်းအ

06 Jun 2024

    မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့တွင် စပါးအထွက်နှုန်းတိုးတက်မြင့်မားစေရေးအတွက် ဆည်ရေသောက်နှင့် ချောင်းပိတ်မြောင်းပိတ်စနစ်ဖြင့် ၂၀၂၄ ခုနှစ် မိုးစပါး စိုက်ပျိုးရာသီတွင် မိုးစပါးစိုက်ဧက ၇၅၁၉၆ ဧက စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

06 Jun 2024

    မွန်ပြည်နယ်သည် လယ်ယာသီးနှံ၊ ဥယျာဥ်ခြံသီးနှံများနှင့် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံးပြည်နယ်ဖြစ်ရာ ကာလရှည်သီးနှံတစ်မျိုးဖြစ်သည့် ရာသီပေါ် ကြက်မောက်သီးများ လှိုင်လှိုင်ထွက်ရှိကာ ယခင်နှစ်များထက် စျေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိသည်။

06 Jun 2024

    မေလမှစ၍ မွန်ပြည်နယ်တွင် နှစ်ရှည်သီးနှံတစ်မျိုးဖြစ်သည့် ရာသီပေါ် ကြက်မောက်သီးများလှိုင်လှိုင်ထွက်ရှိကာ ယခင်နှစ်ထက် ဈေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။             

Pages