ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မစည်ပင်သာယာဈေးနှင့် အမှတ်(၂)ဈေးတို့တွင် ရှမ်းပြည်နယ်ဒေသများဖြစ်သော အင်းလေး၊ နောင်ချို၊ ညောင်ရွှေတို့မှထွက်ရှိသည့် ထိုင်ဝမ် ခရမ်းချဉ်သီးများ ဈေးကောင်းရလျက်ရှိပါသည်။ ပခုက္ကူဒေသ၏ ခရမ်းချဉ်သီးရာသီချိန်မှာ မိုးတွင်းကာလဖြစ်သော ဝါခေါင်လတွင် စတင်စိုက်ပျိုးပြီး သီတင်းကျွတ်၊ တန်ဆောင်မုန်းလများတွင် စတင်၍အသီးများထွက်ရှိကြောင်းသိရှိရပြီး ယခုအခါတွင် ပခုက္ကူဒေသမှ စိုက်ပျိုးထွက်ရှိသော ခရမ်းချဉ်သီးများမှာ ရာသီချိန်မဟုတ်သောကြောင့် ရှမ်းပြ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် ဆန်လိုဒေသဖြစ်သောကြောင့် ဆန်စပါးအများဆုံးစိုက်ပျိုးထွက်ရှိရာ ဒေသများဖြစ်သော အခြားတိုင်းဒေသကြီးများနှင့် မြို့နယ် များမှ ဆန်များဝယ်ယူတင်သွင်းလျက်ရှိသောမြို့ဖြစ်ပါသည်။ မကွေးတိုင်းဒေသကြီး၊ ဆင်ဖြူကျွန်း၊ စလင်း၊ ရှောက်တော၊ တောင်တွင်းကြီးမြို့၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်၊ မြောင်းမြမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုဒေသများမှလည်း ကုန်းလမ်းမှတစ်ဆင့် မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိသည်။ ဇွန်လ(ပထမပတ်)တွင် ဆန်(အသ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့၊ ကြက်သွန်နီကုန်စည်ဒိုင်ဈေးကွက်နှင့် ပွဲရုံများသို့ မေလအတွင်း နွေကြက်သွန်နီများ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး တစ်ရက်လျှင် ကုန်ချိန် ပျမ်းမျှပိဿာ (၂)သောင်းမှ (၅)သောင်းခန့်ဝင်ရောက်ကြောင်း၊ ဒေသတွင်းကြက်သွန်နီအများဆုံးစိုက်ပျိုးသော ဆိပ်ဖြူမြို့ပေါ်ရှိ ရွာသစ်၊ အနောက်ပိုင်းရပ်ကွက်များနှင့် ကိုးတောင့်အုပ်နှင့် လိပ်ခြံ၊ ရွာသစ်ကြီး၊ ကပိုင်၊ ကံတွင်း၊ ချင်တောင်၊ အောက်ဆိပ်၊ ကျောင်းရွာ၊ ကုန်းရွာ၊ ကူရှည်ရွာမ/ အလယ်စုရွာများ၊ ပခုက္ကူမြို့နယ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် အာလူးကို မကွေးမြို့၊ မင်းဘူးမြို့နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အောင်ပန်းမြို့တို့မှ မှာယူရောင်းချကြောင်း၊ ယခုအချိန်တွင် အာလူးကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နှင့် အောင်ပန်းမြို့တို့မှ အများဆုံးမှာယူရောင်းချကြောင်းသိရပါသည်။

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် ဟင်းသီးဟင်းရွက်များကို မြို့နေဒေသခံများအပြင် မြို့အနီးရှိ ပန်းတော်ပြင်၊ ဥယျာဉ်၊ ရွာတော်၊ မယ်ဇလီ တောကျေးရွာများမှ လာရောက်ရောင်းချကြကြောင်းနှင့် မြို့အရှေ့ဘက်ကမ်းရှိ မြင်ကွန်းကျေးရွာမှ အများဆုံးလာရောက်ရောင်းချကြကြောင်းသိရှိရပါသည်။
