ကုန်သွယ်မှုသတင်းများ
ဖိလစ်ပိုင်နိုင်ငံတွင် ဆန်တင်သွင်းမှုအပေါ် အကောက်ခွန်စည်းကြပ်မှုအား ၃၅% သတ်မှတ် ထားရာမှ ၁၅% သို့ လျှော့ချခြင်းနှင့်အတူ အစိုးရ၏ ထပ်ဆောင်းထောက်ပံ့မှုက ဝင်ငွေနည်းပါးသူများအတွက် ဆန် ၁ ကီလိုဂရမ်လျှင် ၂၉ ပီဆိုနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေလိမ့်မည်ဟု အမျိုးသားစီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအာဏာပိုင်အဖွဲ့ (National Economic and Development Authority - NEDA) မှ အတွင်းရေးမှူး Arsenio M. Balisacan က ပြောကြားခဲ့ပါသည်။
သီရိလင်္ကာနိုင်ငံ၌ ကမ္ဘာ့အခြားနေရာဒေသများထက် အချို့သော ပဲမျိုးများ၏ ဈေးနှုန်းများ ကို မြင့်မားမှုဖြစ်ပေါ်စေလျက်ရှိသည့် သွင်းကုန်အပေါ် အမျိုးသားရေးထိန်းချုပ်ဆောင်ရွက်မှု အစီ အမံများအား အစိုးရအဖွဲ့က ဖြေလျှော့မှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အိန္ဒိယနိုင်ငံတွင် ၂၀၂၄-၂၅ သီးနှံစိုက်ပျိုးရေးနှစ်အတွင်း မိုးရာသီ၌ တောင်သူလယ်သမား၏ စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့် နှံစားသီးနှံများ စိုက်ပျိုးထုတ်လုပ်မှုကို မြှင့်တင်နိုင်ရေး ဆွဲဆောင် ရန်အတွက် အစိုးရသည် အနိမ့်ဆုံးထား ထောက်ပံ့မည့် အခြေခံရည်ညွှန်းဈေးနှုန်းများ (Minimum Support Price - MSP) ကို ၅% မှ ၁၀% အတွင်း တိုးမြှင့်သတ်မှတ်ဖွယ်ရှိကြောင်း Financial Express သတင်းဌာနက ဖော်ပြပါသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသော နိုင်ငံတစ်ခုဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ဒေသတွင်းစားသုံးဆီဖူလုံစေရေးဆီထွက်သီးနှံ မိုးမြေပဲများ စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး မှခရိုင်ဦးစီးမှူးနှင့် ရွှေဘိုမြို့နယ်တာဝန်ခံတို့သည် (၄.၆.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ စန်းသော်တာဆန်ပွဲရုံသို့သွားရောက်၍ ဆန်သိုလှောင်ထားရှိမှု၊ လက်ကျန်၊ ရောင်းချမှုနှင့် ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
