ကုန်သွယ်မှုသတင်းများ
ကြက်သွန်နီကုန်စည်ဒိုင်တွင် ကြက်သွန်နီစိုက်ပျိုးရာဒေသများဖြစ်ကြသော ပေါက်၊ ဆိပ်ဖြူ၊ ရေပြာ၊ ကမ္မ၊ ရေစကြိုနှင့် ပခုက္ကူကျွန်းများမှ ဆောင်းစိုက်ပင်စိုက်များအရောင်းအဝယ်ဖြစ်လျက်ရှိသည့်အပြင် တခြားဒေသများဖြစ်သော ပုလဲ၊ မြင်းခြံမြို့၊ တောင်သာမြို့နယ်၊ ညောင်ဦးတို့မှ ဆောင်းစိုက် (ပင်စိုက်) ကြက်သွန်နီများအပြင် ကြက်သွန်ဖြူများလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်နေပါသည်။

မကွေးတိုင်းဒေသကြီးအတွင်း၌ မိုးသီးနှံအနေဖြင့် နှမ်းကိုစိုက်ပျိုးမှုများပြီး ယခုနှစ်တွင် အထွက်နှုန်းကောင်းပြီး ဈေးကောင်းလည်းရရှိနေကြောင်း နှမ်းစိုက်တောင်သူများထံမှသိရှိရပါသည်။

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ နှမ်းစိုက်တောင်သူများအနေဖြင့် မိုးနှမ်းသီးနှံများရိတ်သိမ်းထွက်ရှိချိန်တွင် နှမ်း(၁)တင်းလျှင် ငွေကျပ်(၁၄၀၀၀၀)ခန့်ဖြင့် ရောင်းချနေရသဖြင့် အဆင်ပြေလျက်ရှိကြောင်းသိရှိရပါသည်။

၆.၉.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် ပဲ၊ နှမ်းမျိုးစုံတို့အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ၂၀၂၃ခုနှစ်၊ သြဂုတ်လ(၂၅)ရက်နေ့တွင် မကွေးကုန်စည်ဒိုင်၌ ပဲတီစိမ်း(၂၀)ပိဿာဝင် (၁) တင်းလျှင် ကျပ်(၅၇၀၀၀)၊ ပဲလွန်းဝါကျွန်း(၁၉)ပိဿာဝင် (၁)တင်းလျှင် ကျပ်(၆၀၀၀၀)၊ ပဲကြီးဖြူ(လတ်) (၁၉)ပိဿာဝင် (၁)တင်းလျှင် ကျပ်(၉၅၀၀၀)၊ ပဲကြီးဖြူ(သေး)(၁၉)ပိဿာဝင် (၁)တင်းလျှင် ကျပ်(၉၀၀၀၀)၊ ပဲကြီးဖြူ(ပြားကြီး)(၁၉)ပိဿာဝင် (၁)တင်းလျှင် ကျပ်(၁၀၀၀၀၀)၊ ပဲနှောက်(၂၀)ပိဿာဝင် (၁)တင်းလျှင် ကျပ် (၅
