Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
07 Sep 2023

    ၇.၉.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

07 Sep 2023

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကိုဖွဲ့စည်းပြီး ပြည်ပမှတင်သွင်းလာသည့်စားသုံးဆီများ သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်ပြည့်မီရေး၊  စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကိုသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဝယ်ယူစားသုံးနိုင်ရေး၊ စားအုန်းဆီကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးအတွက် ထိန်းကျောင်း

07 Sep 2023

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူကုန်စည်ဒိုင်တွင် ပခုက္ကူဒေသမှ စိုက်ပျိုးထွက်ရှိသော ပဲစဉ်းငုံနီ၊ ကုလားပဲ၊ မတ်ပဲ၊ ပဲယင်း၊ စွန်တာနီ၊ ပဲလွန်းပြာနှင့် အခြားပဲမျိုးစုံအရောင်းအဝယ်ဖြစ်နေပါသည်။ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (စတုတ္ထပတ်) တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲဈေးနှုန်းများမှာ ပဲစဉ်းငုံနီတစ်တင်းလျှင် ကျပ်(၁၀၉၅၀၀-၁၁၀၀၀၀-၁၁၁၄၀၀)၊ ကုလားပဲဝါလုံးကြီး (929) တစ်တင်းလျှင် ကျပ် (၈၈၄၀၀)၊ ကုလားပဲဝါ (Hl) တစ်တင်းလျှင် ကျပ်(၈၇၅၀၀)၊ ပဲတီစိမ်းကြီးတစ်တင်းလျှင် အရည်အသွေးပေါ်မူတည်ပြီး ကျပ်(၄၅၀၀၀-၅၂၀၀၀)၊ 

07 Sep 2023

    ရာသီစာ မန်ကျည်းသီးစိမ်းများ ဈေးကွက်အတွင်း၌ လှိုင်လှိုင်ပေါ်လာပြီဖြစ်ရာ ပေါ်ကာစအချိန် မန်ကျည်းသီးစိမ်းဈေးနှုန်းမှာ တစ်ဆယ်ကျပ်သားလျှင် ၁၂၀၀/ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်    ရှိနေခဲ့သော်လည်း ယခုအချိန်မှာတော့ တစ်ဆယ်ကျပ်သားလျှင် ၄၀၀/မှ ၅၀၀/ကျပ် ဈေးသို့ကျဆင်းလာခဲ့ပါသည်။ စားသုံးသူများအနေဖြင့် ရာသီစာသီးနှံလည်းဖြစ်သလို သဘာဝအလျောက်အပင်ကြီးများမှ အသီးသီးလာခြင်းဖြစ်၍ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့်လည်း လူတို့စားသုံးနိုင်ပါသည်။ မန်ကျည်းသီးစိမ်းများကို ကြော်စား၍လည်းကောင်း၊ ထောင်းစား၍

07 Sep 2023

   ကွမ်းသီးဟုဆိုပါလျှင်   ယခင်နှစ်များစွာက အရောင်းအဝယ်ပြုလုပ်ရာတွင် ကွမ်းသီးအမှည့်ရင့်ရင့်ကိုသာ  ရောင်းဝယ်ဖောက်ကားလာခဲ့ကြပြီး ယခုနှစ်များတွင် ကွမ်းသီး(အနု)များပိုမို အရောင်းအဝယ်သွက်နေခဲ့ပါသည်။ သာယာဝတီခရိုင်အတွင်း၌ စိုက်ပျိုးထားသော ကွမ်းသီးပင် များမှာ စီးပွားဖြစ် စိုက်ပျိုးခြင်းမရှိသော်လည်း အိမ်ခြံဝန်းအတွင်း၊ ဘုန်းကြီးကျောင်းဝန်းခြံများ၊ ခြံစည်းရိုးများအဖြစ်  စိုက်ပျိုးထားရှိသော တစ်နိုင်တစ်ပိုင်အပင်များမှ ကွမ်းသီးစိမ်းနုလေးများကို  တစ်လုံးလျှင် ၂၀ ကျပ်မှ ၃၀ကျပ်အထိပေး၍ ဝယ်ယူလ

Pages