ကုန်သွယ်မှုသတင်းများ
၆.၉.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။
၆.၉.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်
ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူမြို့ရှိ ဓါတ်မြေဩဇာဆိုင်များတွင် ယူရီးယားလုံးကြီး ဓါတ်မြေဩဇာများဖြစ်သော မြင်းပျံအမှတ်တံဆိပ်မှာ ဩဂုတ်လဆန်းက တစ်အိတ်လျှင် ၈၇၀၀၀ ကျပ် ရှိရာမှ လလယ်ပိုင်းတွင် တစ်အိတ်လျှင် ၈၉၀၀၀ ကျပ်၊ CP အမှတ်တံဆိပ် ဓါတ်မြေဩဇာမှာ ဩဂုတ်လဆန်းက တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်ရှိရာမှ လလယ်ပိုင်းတွင် တစ်အိတ်လျှင် ၈၇၀၀၀ ကျပ်၊ MC အမှတ်တံဆိပ် ဓါတ်မြေဩဇာမှာ ဩဂုတ်လဆန်းက တစ်အိတ်လျှင် ၁၁၀၀၀၀ ကျပ်ရှိရာမှ လလယ်ပိုင်းတွင် တစ်အိတ်လျှင် ၁၁၂၀၀၀ ကျပ်ဖြင့် လဝက်အတွင်း တစ်အိတ်လျှင် ၂၀၀၀ ကျပ် ဈ

ယခုအချိန်တွင် စက်သုံးဆီဈေးနှုန်းကြီးမြင့်ခြင်းကြောင့် စက်သုံးဆီမလိုဘဲ လျှပ်စစ်ဖြင့် ဘက္ထရီအားသွင်းပြီး အသုံးပြုနိုင်သည့် လျှပ်စစ်စက်ဘီး၊ လျှပ်စစ်ဆိုင်ကယ်များကို အသုံးပြုမှုများလာသည်ကို တွေ့ရပါသည်။
လျှပ်စစ်စက်ဘီး၊ ဆိုင်ကယ်များသည် ခရီးတိုသွားလာရာတွင် စီးရသည်မှာ လွန်စွာအဆင်ပြေပါသည်။ ကျောင်းသားများအား ကျောင်းပို့/ကျောင်းကြိုပြုလုပ်ရာတွင် အဆင်ပြေပြီး ခလေးများကိုယ်တိုင် လည်း ကောင်းစွာစီးနင်းနိုင်ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ဒိုးသောင်ကျေးရွာအုပ်စု၊ ရှမ်းဝတီးကျေးရွာရှိ တောင်သူလယ်သမားများမှာ ဗီယက်နမ်မျိုး မြေပဲများကို စိုက်ပျိုးကြရာ အထွက်ကောင်းကြောင်း သိရပါသည်။ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ရှမ်းဝတီးကျေးရွာမှ စိုက်ပျိုးထားသည့် မြေပဲများမှာ ဗီယက်နမ်မျိုးများ ဟုတ်/မဟုတ် သွာရောက်စစ်ဆေးကြည့်ရှုရာ အထွက်ကောင်း ဗီယက်နမ်မျိုးများဖြစ်သည်ကို တွေ့ရပါသည်။
