ကုန်သွယ်မှုသတင်းများ
Cisco သည် AI လုပ်ငန်းများတွင် အစုရှယ်ယာဝင်ရန် အလျင်စလိုဆောင်ရွက်နေသော နည်းပညာကုမ္မဏီများစာရင်းတွင်ပါဝင်ပြီး ၂၀၂၄ခုနှစ်၊ ဇွန်လ ၄ရက်နေ့ (အင်္ဂါနေ့) တွင် Cisco ကုမ္မဏီသည် ညဏ်ရည်တုတီထွင်မှုများတွင် အမေရိကန်ဒေါ်လာ ၁ဘီလီယံရင်းနှီးမြှုပ်နှံခဲ့သည်။

ဇွန်လ ပထမပတ်တွင် ကော့မှူးမြို့နယ်၌ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်ကြမ်း၊ ဆန်ချောအမျိုးအစားအလိုက် (ထိပ်စ၊လတ်စ၊နိမ့်စ)များတွင် ဧည့်မထတစ်ပြည်လျှင် (၃၈၀၀၊၄၀၀၀) ကျပ်ထိ၊ မီးဒုံးဆန်ရိုးရိုးတစ်ပြည်လျှင် (၄၅၀၀၊၄၆၀၀)ကျပ်ထိ၊ တောင်ပျံဆန်(ရိုးရိုး)တစ်ပြည်လျှင် (၅၀၀၀၊ ၅၂၀၀) ကျပ်ထိ၊ ဧရာဝတီပေါ်ဆန်းတစ်ပြည်လျှင် (၅၈၀၀၊၆၂၀၀)ကျပ်ဖြင့်လည်းကောင်း၊ စားအုန်းဆီတစ်ပိဿာလျှင် ယခင်အပတ်တွင် (၅၅၀၀)ကျပ်၊ ယခုအပတ်တွင် (၅၆၀၀)ကျပ်ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိပြီး၊ ပဲဆီတစ်ပိဿာလျှင် (၁၈၀၀၀)ကျ

လျှပ်စစ်ကားထုတ်လုပ်သည့် VinFast ကုမ္ပဏီသည် Google, Microsoft နှင့် Amazon တို့နှင့်အတူ Time မဂ္ဂဇင်းကရွေးချယ်သည့် ၂၀၂၄ခုနှစ်အတွက် လွှမ်းမိုးမှုအရှိဆုံးကုမ္ပဏီများ စာရင်းတွင် ဗီယက်နမ်နိုင်ငံမှ တစ်ခုတည်းသောကုမ္ပဏီအနေဖြင့်ပါဝင်ခဲ့သည်။ ယခုအကြိမ်သည် အမေရိကန်အခြေစိုက် Time မဂ္ဂဇင်းမှ သုံးနှစ်မြောက်ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဗီယက်နမ်နိုင်ငံကုမ္ပဏီအနေဖြင့် ပထမဆုံးအကြိမ်ပါဝင်ခဲ့ခြင်းဖြစ်ပါသည်။ VinFast သည် ၎င်းတို့၏စက်ရုံကို (၂၁)လအတွင်း လျင်မြန်စွာတည်ဆောက်ခဲ့သောကြောင့် လျှပ်စစ်ကာ

တရုတ်နိုင်ငံ၏ ထီလက်မှတ်ရောင်းရငွေသည် ၂၀၂၄ခုနှစ်၊ ဧပြီလတွင် ယွမ် ၅၅.၄၆ဘီလီယံ (အမေရိကန်ဒေါ်လာ ၇.၆ဘီလီယံခန့်) ရောင်းချနိုင်ခဲ့ပြီး ယခင်နှစ်ထက် ၁၀.၂ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ အချက်အလက်များအရသိရသည်။

မိုးဦးကျအချိန်တွင် မြန်မာလူမျိုးများအကြိုက် ရာသီစာအင်ဥများထွက်ပေါ်လာကြပြီး ကရင်ပြည်နယ် ရေပေါ်ဈေးတွင် အင်ဥများရောင်းချနေကြသည်ကို တွေ့ရသည်။ အင်ဥကို နို့ဆီဘူးဖြင့် ချိန်တွယ်ရောင်းချပြီး ယခုနှစ်အင်ဥ ပေါက်ဈေးမှာ တစ်ဘူးလျှင် ၃၀၀၀/ ကျပ်ဖြစ်ကြောင်း သိရသည်။
