Main menu

“ ကော့မှူးမြို့နယ်၏ အခြေခံစားသောက်ကုန်ဈေးနှုန်းများ ”

Powered by Drupal

     ဇွန်လ ပထမပတ်တွင်     ကော့မှူးမြို့နယ်၌    အခြေခံစားသောက်ကုန်များဖြစ်သော ဆန်ကြမ်း၊ ဆန်ချောအမျိုးအစားအလိုက် (ထိပ်စ၊လတ်စ၊နိမ့်စ)များတွင် ဧည့်မထတစ်ပြည်လျှင် (၃၈၀၀၊၄၀၀၀) ကျပ်ထိ၊ မီးဒုံးဆန်ရိုးရိုးတစ်ပြည်လျှင် (၄၅၀၀၊၄၆၀၀)ကျပ်ထိ၊ တောင်ပျံဆန်(ရိုးရိုး)တစ်ပြည်လျှင် (၅၀၀၀၊ ၅၂၀၀) ကျပ်ထိ၊ ဧရာဝတီပေါ်ဆန်းတစ်ပြည်လျှင် (၅၈၀၀၊၆၂၀၀)ကျပ်ဖြင့်လည်းကောင်း၊  စားအုန်းဆီတစ်ပိဿာလျှင် ယခင်အပတ်တွင် (၅၅၀၀)ကျပ်၊ ယခုအပတ်တွင် (၅၆၀၀)ကျပ်ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိပြီး၊  ပဲဆီတစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်နီအသစ်ဆိုဒ်စုံတစ်ပိဿာလျှင် (၂၅၀၀၊၂၈၀၀၊၃၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(အမွှာ)တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ အာလူးတစ်ပိဿာလျှင် (၂၈၀၀)ကျပ်၊ နနွင်းမှုန့်တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ (ရိုးရိုး)ဆားတစ်ပိဿာလျှင် (၅၀၀)ကျပ်၊ အိုင်အိုဒင်းဆားတစ်ထုပ်လျှင် (၆၀၀)ကျပ်၊ ငြုတ်တောင့်(အရှည်)တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငြုတ်တောင့်(စက)တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ ငြုတ်တောင့်(အပု)တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ ကုလားပဲဇံခြမ်းတစ်ပိဿာလျှင် (၆၃၀၀)ကျပ်၊ မန်းကျည်းအမှည့်(အသစ်) တစ်ပိဿာလျှင် (၆၀၀)ကျပ်၊ ငံပြာရည်တစ်ပိဿာလျှင် (၁၀၀၀)ကျပ်၊ ငါးရံ့ခြောက်တစ်ပိဿာလျှင် (၆၀၀၀၀)ကျပ်၊ ခေါက်ဆွဲခြောက်တစ်ထုပ်လျှင် (၅၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၃၀၀)ကျပ်၊ ဘဲဥတစ်လုံးလျှင် (၃၅၀-၄၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

      အလားတူ ဗမာကြက်တစ်ပိဿာလျှင် (၂၂၀၀၀)ကျပ်၊ CP ကြက်တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၂၅၀၀၀)ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၇၅၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၉၀၀၀)ကျပ်ဖြင့်လည်းကောင်း ဈေးနှုန်းအသီးသီးတို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

     ယခင်အပတ်နှင့် ယခုအပတ်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ရာတွင် စားသောက်ကုန်ဈေးနှုန်းများအနက် ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိပြီး၊ အခြားစားသောက်ကုန်များမှာ အနည်းငယ် အတက်အကျရှိကာ စားအုန်းဆီဈေးနှုန်းမှာ အနည်းငယ်မြင့်တက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)