ကုန်သွယ်မှုသတင်းများ
ကမ္ဘာ့ဈေးကွက်တွင် ဈေးနှုန်းအမြင့်ဆုံးဖြစ်ခဲ့သည့် ဗီယက်နမ်ဆန်ဈေးနှုန်းသည် ယခုအခါ ဆဋ္ဌမနေရာသို့ ကျဆင်းသွားခဲ့သည်။ ဗီယက်နမ်၏ ဆန်ကွဲ ၅ ရာခိုင်နှုန်း ပါဝင်သည့် ဆန်မှာ မေလ ၃၀ ရက်နေ့၌ တစ်တန်လျှင် ၅၇၄ ဒေါ်လာ ဈေးရရှိခဲ့ပြီး အမေရိကန်၊ ထိုင်း၊ ပါကစ္စတန်၊ မြန်မာနှင့် အိန္ဒိယတို့ထက် လျော့နည်းခဲ့ကြောင်း ဗီယက်နမ်စားသောက်ကုန်လုပ်ငန်းအသင်း၏ ဖော်ပြချက် အရ သိရသည်။
ဘရာဇီးနိုင်ငံသည် ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့ပြီးနောက် ပြည်တွင်းဆန်ဈေးနှုန်းများကို တည်ငြိမ်စေရန်အတွက် ဇွန်လ ၆ ရက်နေ့တွင် ဆန်တန်ချိန် ၃ သိန်းကို တင်ဒါစနစ်ဖြင့် ဝယ်ယူ သွားမည်ဖြစ်ပါသည်။ ဆန်စပါးကဏ္ဍတွင် ရှားပါးလှသည့် အစိုးရ၏ ဝင်ရောက်စွက်ဖက်မှု အဖြစ် ထုပ်ပိုးသည့်အိတ်ခွံပေါ်တွင် ဘရာဇီးငွေကြေးအားဖြင့် ရောင်းဈေး ၁ ကီလိုဂရမ်လျှင် ၄ ရီရယ်ဟု အစိုးရ၏အမှတ်တံဆိပ် ခတ်နှိပ်ထားရှိသည့် အရန်သင့်ရောင်းချနိုင်သော ၅ ကီလိုဂရမ်ဝင် ဆန် အိတ်များကို ဝယ်ယူသွားမည်ဖြစ်ပါသည်။ အစိုးရ၏ စားနပ်ရိက္ခ
ထိုင်းကော်ဖီဈေးကွက်၌ စားသုံးသူများ၏ လူနေမှုပုံစံဖြင့် လည်ပတ်လျက်ရှိသော ပြည်တွင်းစားသုံးမှုနှင့် တင်ပို့ရန်ပြုပြင်ထုတ်လုပ်မှုတို့ တိုးတက်လျက်ရှိကြောင်း သိရှိရသည်။
အင်ဒိုနီးရှားနိုင်ငံပိုင် Bulog ဝယ်ယူရေးအေဂျင်စီက မကြာသေးမီ၌ ခေါ်ယူခဲ့သော တင်ဒါတွင် ဗီယက်နမ်ပို့ကုန်လုပ်ငန်းရှင်များသည် ဆန်တန်ချိန် ၁၀၀၀၀၀ အတွက် စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၅၅ သန်းဖြင့် လေလံအောင်မြင်ခဲ့ပြီးနောက် ကုမ္ပဏီများအကြား တစ်ဦးနှင့် တစ်ဦး ဈေးပြိုင်လျှော့ရောင်းမှုနှင့် ဈေးနှုန်းစစ်ထိုးမှုများတွင် ပါဝင်ခြင်းတို့ကို ကာကွယ်တားဆီး နိုင်ရန်အတွက် ဗီယက်နမ်ဆန်တင်ပို့မှုနယ်ပယ်၌ အနိမ့်ဆုံးပို့ကုန်ဈေးနှုန်းစနစ် ချမှတ်ဆောင်ရွက် သင့်သည်ဟု လေ့လာဆန်းစစ်သူများက ပြောဆိုလျက်ရ
တရုတ်နိုင်ငံ၏ ဒုတိယသမ္မတ Han Zhang နှင့် Foremost Group ၏ဥက္ကဋ္ဌ ဒေါက်တာ James S.C Chao တို့သည် ၂၀၂၄ခုနှစ်၊ ဇွန်လ ၁ရက်နေ့ (တနင်္လာနေ့) တွင် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တွင် တွေ့ဆုံခဲ့ကြသည်။
