ကုန်သွယ်မှုသတင်းများ
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယခုလိုမိုးရာသီအချိန်တွင် နှင်းဆီပန်း မျိုးစုံစိုက်ပျိုး ထွက်ပေါ်လာပြီး ထိုနှင်းဆီပန်းများထဲတွင် မြန်မာရေမွှေးနှင်းဆီလည်း အပါအဝင်ဖြစ်ပါသည်။ မြန်မာ ရေမွှေးနှင်းဆီ အနံ့သည် မွှေးကြိုင်သင်းပျံ့သောအနံ့ရှိပြီး ဘုရားပန်းအဖြစ် ကပ်လှူပူဇော်လျှင် ဘုရားခန်းတွင်မွှေးကြိုင်ပြီး ဘုရားရှိခိုးလျှင် အလွန်စိတ်ကြည်နူးစရာကောင်းပါသည်။ မြန်မာရေမွှေးနှင်းဆီပန်းသည် အပွင့်သေးငယ်၍ ဘုရားကပ်လှူထားလျှင် (၃)ရက်မှ (၅)ရက်အထိ အထားခံကြောင်း သိရပါသည်။

ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင် မြို့မဈေးကြီးတွင် စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အလှကုန်လူသုံးကုန်ပစ္စည်းများ စသည်ဖြင့် စည်ကားသိုက်မြိုက်စွာ ရောင်းချလျက်ရှိပါသည်။

ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင်ခရိုင် ၊ ညောင်လေးပင် မြို့မဈေးကြီးတွင် ဆန်၊ အသား/ ငါး၊ ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများ၊ အလှကုန်လူသုံးကုန်ပစ္စည်းများ စသည်ဖြင့် စည်ကား သိုက်မြိုက်စွာ ရောင်းချလျက်ရှိပါသည်။

တောင်ငူမြို့တွင် ရွှေဘိုပေါ်ဆန်းမှာ ယခင်အပတ်က တစ်အိတ်လျှင် ၁၃၀၀၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းမှာ ယခင်အပတ်က တစ်အိတ် လျှင် ၁၂၀၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၁၃၀၀၀၀ ကျပ်၊ ဒေသပေါ်ဆန်းမှာ ယခင်အပတ်က တစ်အိတ်လျှင် ၁၁၃၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်၊ ဧည့်မထ(မိုးဆန်)မှာ ယခင်အပတ်က တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် ၈၇၀၀၀ ကျပ်၊ ဧည့်မထ(နွေဆန်)မှာ ယခင်အပတ်က တစ်အိတ်လျှင် ၆၅၀၀၀ ကျပ်ရှိရာမှ ယခု အပတ်တွင် တစ်အိတ်လျှင် ၆၇၀၀၀ ကျပ

တောင်ငူခရိုင်၊ ဖြူးမြို့တွင် ယခုလအစောပိုင်းက ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်ရှိရာမှ ယခုသြဂုတ်လ တတိယပတ်တွင် ၁၃၈၀၀၀ ကျပ်၊ ဧည့်မထ(နွေ)ဆန် ယခုလ အစောပိုင်းက တစ်အိတ်လျှင် ၆၃၀၀၀ ကျပ်မှ ယခုသြဂုတ်လ တတိယပတ်တွင် တစ်အိတ်လျှင် ၆၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်း မြင့်တက်လျက်ရှိပါသည်။
