Main menu

“ကွမ်းစိုက်ပျိုးမှုအခြေအနေ”

Powered by Drupal

      မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး ရာသီအလိုက်သီးနှံများလည်း စိုက်ပျိုးကြပါသည် ။  ရာသီအလိုက်စိုက်ပျိုးသော သီးနှံများအနက် ကွမ်းသီးနှံကိုလည်း စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ ခရိုင်အတွင်းကွမ်းစိုက်ဧက(၅၈၂)ဧကစိုက်ပျိုး နိုင်ခဲ့ပြီး မြစ်သားမြို့နယ်တွင်(၃၅)ဧက၊ စဥ့်ကိုင်မြို့နယ်တွင်(၁၄၇)ဧက၊ ကျောက်ဆည်မြို့နယ်တွင် (၄၀၀)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါ သည်။ကွမ်းစိုက်ပျိုးမှု(၁)ဧကကုန်ကျစရိတ်အနေဖြင့်မျိုး၊သွင်းအားစု၊လုပ်သားခ၊ဝါးဖိုးများ အပါအဝင် စုစုပေါင်း(၃၀)သိန်းခန့် ကုန်ကျကြောင်း ၊ အများဆုံးစိုက်ပျိုးသောမျိုးမှာ ကွမ်းနုဝါ မျိုးများဖြစ်ပြီး (၁)ဧကအထွက်နှုန်းအနေဖြင့် မိုးရာသီတွင် တစ်ပတ်လျှင် ပိဿာ(၇၀-၈၀)အထိထွက်ရှိပြီး ဆောင်း ရာသီတွင် အထွက်နှုန်းလျော့သောကြောင့် တစ်ပတ်လျှင် ပိဿာ(၂၅-၃၀)ပိသာ ထွက်ရှိပါသည် ။ ကွမ်းစျေးနှုန်းအနေဖြင့် ရာသီအလိုက် စျေးနှုန်းပြောင်းလဲမှုများရှိပါသည် ။ ယခင်နှစ် ကွမ်းပေါ်ချိန် တွင်(၁)ပိဿာလျှင် ၃၀၀၀ကျပ်မှ၁၂၀၀၀ ကျပ်အထိရောင်းချခဲ့ရကြောင်း၊ ယခုလက်ရှိကွမ်းစျေးနှုန်းအနေဖြင့် (၁)ပိဿာလျှင်(၁၃၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျှက်ရှိပါသည် ။ ကွမ်းစိုက်ပျိုးသော တောင်သူများအနေဖြင့် ကွမ်းခြံတစ်ခြံရှိပါက အပတ်စဉ်ဝင်ငွေများရရှိပြီး စီးပွားရေးပြေလည်ကြပါသည်။ တောင်သူများအနေဖြင့် အခြားသီးနှံများအပြင် မိသားစုအပိုဝင်ငွေသာမက စီးပွားဖြစ်သောကွမ်းသီးနှံကို တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)