Main menu

“ငရုတ်(မိုးကြို)များစတင်စိုက်ပျိုးလျက်ရှိ”

Powered by Drupal

     ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသဖြစ်သောကြောင့် သီးနှံမျိးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိပါသည်။အဓိကသီးနှံများဖြစ်သော စပါး ၊ ပဲ ၊ ပြောင်း ၊ ဝါ သီးနှံများအပြင် စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သော ငရုတ်သီးနှံကိုလည်း စိုက်ပျိုးလျက်ရှိပါသည်။၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် ငရုတ် (မိုးကြို)စိုက်ဧက(၃၀၂၈)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ကျောက်ဆည်မြို့နယ်တွင် (၁၈၃)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၈၇၃)ဧက၊မြစ်သားမြို့နယ်တွင်(၁၉၇၂)ဧကစိုက်ပျိုးထားရှိကြောင်းခရိုင်ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။ ငရုတ်(မိုးကြို)စိုက်ပျိုးမှု(၁)ဧက ကုန်ကျ စရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း(၁၀၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊အများဆုံး စိုက်ပျိုးသောမျိုးမှာ ၆၉၂ မျိုးများဖြစ်ကြောင်း ၊ ယခင်ငရုတ်သီးစျေးနှုန်းအနေဖြင့် ငရုတ်ခြောက် အညှာပါ(၁)ပိဿာလျှင်(၁၀၅၀၀/-)ကျပ်နှင့် ငရုတ်အညှာခြွေ(၁)ပိဿာလျှင် (၁၂၅၀၀/-)ကျပ်၊ငရုတ် သီးအမှုန့် (၁)ဗူးလျှင် (၁၂၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်ခဲ့ပြီး ယခုလက်ရှိ ငရုတ်သီး ပေါက်စျေးအနေဖြင့် ငရုတ်သီးစျေးနှုန်းအနေဖြင့် ငရုတ်ခြောက် အညှာပါ(၁)ပိဿာလျှင် (၉၀၀၀/-) ကျပ်နှင့် ငရုတ်အညှာခြွေ(၁)ပိဿာလျှင်(၁၀၅၀၀/-)ကျပ်၊ ငရုတ်သီးအမှုန့် (၁)ဗူးလျှင်(၁၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ယခင်နှစ်ထက် ငရုတ်သီးစျေးနှုန်း အနည်းငယ်ကျဆင်းကြောင်း၊ ငရုတ်သီးပေါ်ချိန်တွင်လည်း စျေးနှုန်းနှင့်အထွက်နှုန်းကောင်းမွန်ပါက တောင်သူများ အကျိုးအမြတ်ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ငရုတ်စိုက်ပျိုးသောတောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)