ကုန်သွယ်မှုသတင်းများ
လွန်ခဲ့သောသီတင်းပတ် (၄) ပတ်ကျော်ကာလခန့်တွင် အိန္ဒိယသမုဒ္ဒရာအနောက်ပိုင်း ဒေသအပြင် ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် ပင်လယ်ရေမျက်နှာပြင် အပူချိန်များမြင့်တက်မှုနှင့်အတူ ပူနွေးသောရေပြင်ရာသီဥတု အခြေအနေ ဖြစ်ပေါ်လေ့ရှိသည့် အယ်လ်နီညို ရာသီဥတုလက္ခဏာမှာ ပိုမိုဖွံ့ဖြိုးတိုးတက်လာခဲ့ပါသည်။ အမေရိကန် ရာသီဥတုအဖွဲ့အစည်း မိုးလေဝသ ခန့်မှန်းသည့်ဌာနက အယ်လ်နီညိုဖြစ်ပွားမှုအခွင့်အလမ်းများသည် ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလမှ ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလအထိ ၉၅ ရာခိုင်နှုန်း အထိ ဆက်လက်ဖြစ်ပေါ်

လတ်တလောကာလတွင် အိန္ဒိယ၏ ဆန်တင်ပို့မှုတားမြစ်ခဲ့မှုကြောင့် ကမ္ဘာ့ဆန်ဈေးကွက် တွင် ဆန်များသိုလှောင်စုဆောင်းခြင်းနှင့် အထိတ်တလန့်ဝယ်ယူခြင်းများနှင့်အတူ ဗီယက်နမ်နိုင်ငံ ၏ ဆန်တင်ပို့မှုကို တိုးမြင့်လာစေသည့် သိသာထင်ရှားသော အခွင့်အလမ်းတစ်ခု ဖြစ်လာခဲ့သည်။

အိန္ဒိယနိုင်ငံ စားသုံးသူရေးရာဦးစီးဌာနသည် ပဲမျိုးစုံတိုးတက်ရရှိရန်နှင့် မြင့်တက်နေသော ဈေးနှုန်းများကို ထိန်းချုပ်နိုင်ရန်တို့အတွက် ပဲမျိုးစုံလုပ်ငန်းရှင်များအနေဖြင့် ပဲနီလေးကုန်လက်ကျန်များ၏ လက်ငင်းအကျိုးသက်ရောက်မှုကို မဖြစ်မနေထုတ်ဖော်ပြောကြားရန် အကြံပြုချက်အား ဗုဒ္ဓဟူးနေ့ (၆-၉-၂ဝ၂၃) ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။ ပဲမျိုးစုံလုပ်ငန်းရှင်များသည် ၄င်းတို့၏ ပဲနီလေးကုန်လက်ကျန်စာရင်းကို အပတ်စဉ်သောကြာနေ့များတွင် စားသုံးသူရေးရာဦးစီးဌာန၏ ဝက်ဘ်ဆိုက်ဖြစ်သော (

အိန္ဒိယနိုင်ငံဘဏ္ဍာရေးဝန်ကြီး Nirmala Sitharaman က ၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည့် Global Fintech Fest 2023 တွင် လတ်တလောကာလ၌ အိန္ဒိယနိုင်ငံတွင် ဝင်ငွေခွန်ကြေညာသည့်စနစ် (Income Tax Return) ကို စတင်ကျင့်သုံးခဲ့ပြီးနောက် နိုင်ငံအတွင်း တရားဝင်စီးပွားရေးလုပ်ငန်းများ သိသာစွာတိုးတက်လာခဲ့ပြီး ဆီထွက်သီးနှံများ၊ ပဲမျိုးစုံနှင့် ပဲပုပ်စေ့များအပေါ် အကျိုးသက်ရောက်မှုရှိလာမည်ဖြစ်သဖြင့် ပဲမျိုးစုံတင်သွင်းမှုကို စီမံကွပ်ကဲသွားရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အင်ဥ ဆိုသည့်အတိုင်း အင်ပင်ရှိသောနေရာမှာပဲ ပေါက်ရောက်လေ့ရှိတတ်ကြပြီး မြေကြီး ထဲမှတူးယူရသော မှိုဥတစ်မျိုး ဖြစ်ပေသည်။ အင်ဥကနေမှိုဖြစ်မလာပေ၊ အင်ဥ အဖြစ်၌သာ ရင့်ပြီးပုပ်သွား တတ်ကြပါသည်။ အရွယ်အစား(၃)မျိုးရှိသည်ဟုသိရှိရပါသည်၊ အင်ဥ၏ သက်တမ်းသည် ဆယ်ရက်လောက်နေ ပျောက်သွားတတ်ပြီး နောက်မိုးထပ်မံရွာမှ တစ်ဖန်ပြန်ပေါ်လာတတ်ပေသည်။ တောတောင်တွေထဲတွင် အလေ့ကျသဘာဝပေါက်သော အပင်တစ်မျိုးဖြစ်ပြီး ပေါက်ရောက်သော ဒေသတစ်ခုနှင့်တစ်ခု ကွားခြားမှုကြောင့် အင်ဥ၏ အရသာသည်လည်း ကွာခြားတတ်ကြသည်။ အင်ဥသည် ရေနှင့်