ကုန်သွယ်မှုသတင်းများ
ယခု၂၀၂၃နှစ်တွင် ကြောင်ပန်းစေ့များ ဈေးကောင်းရပြီး တစ်နိုင်တစ်ပိုင်စိုက်ပျိုးမှုများရှိလာကြောင်းသိရှိရပါသည်။ ယခင်နှစ်တွင် ကြောင်ပန်းစေ့အခြောက်တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်ခန့်သာဈေးရရှိခဲ့ပြီး ယခုနှစ်တွင် အခြောက်တစ်ပိဿာလျှင် (၄၀၀၀၀)ကျပ်ခန့်ထိရှိလာကြောင်းသိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ သရက္ကန်အုပ်စု၊ အောင်ချမ်းသာကျေးရွာရှိ တောင်သူတစ်ဦးမှာ အလေ့ကျကြောင်ပန်းပင်များကို လွန်ခဲ့သည့်(၈)နှစ်ဝန်းကျင်လောက်မှစ၍ ချောင်းကမ်းပါးဘေးရှိ သူမ၏ယာမြေများကို ချောင်းရေတိုက်စားမှ

၂၀၂၃ ခုနှစ် စက်တင်ဘာလ ပထမအပတ်တွင် RSS 3 ရာဘာဈေးနှုန်းမှာ တစ်ပေါင်လျှင် ၁၆၈၀ ကျပ် ဈေးနှုန်းဖြင့်တည်ငြိမ်လျက်ရှိကြောင်း သိရသည်။

မုံရွာမြို့နယ်အတွင်း ခရမ်းချဉ်သီးကို မိုးဦးနှင့် မိုးနှောင်းကာလများတွင် ဒေသအတွင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။ ခရမ်းချဉ်သီးသည် အပူပိုင်းဒေသနှင့် သမနွေပိုင်းဒေသတို့တွင် ကောင်းမွန်စွာစိုက်ပျိုးဖြစ်ထွန်းသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ဩဂုတ်လ၊ လကုန်ပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့်သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။ ပဲတီစိမ်းမှာ ဧပြီလ၊ တတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ပြီး ဩဂုတ်လ၊ လကုန်ပတ်ထိဝင်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များကို စိုက်ပျိုး၊ မွေးမြူ ထုတ်လုပ်သူများမှ ဆန်၊ ဆီနှင့် ကြက်ဥ၊ ဒေသထွက် ဟင်းသီးဟင်းရွက်သီးနှံများကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ရက်နေတွင် မုံရွာမြို့၊ ပြည်ထောင်စုဈေးရှေ့ တွင် နံနက် (၇:၀၀) နာရီအချိန်တွင် သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် ရောင်းချပေးလျက်ရှိပါ သည်။
