Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
19 Oct 2022

        ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့ ၊ ရန်ကုန်-ပြည် ကားလမ်းဘေးရှိ ခွန်နှစ်ရွာ ကျေးရွာသည်  အိမ်ခြေ (၁၀၀)ကျော်ရှိပြီး သြဇာသီးပင်များကို အိမ်တိုင်းလိုလို ခြံစည်းရိုး ပတ်ပတ် လည်၌ စိုက်ပျိုးထားရှိပါသည်။

19 Oct 2022

      မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ပတ်ဝန်းကျင်ရှိကျေးရွာများ၌  လယ်ယာဥယျာဉ်ခြံမြေများတွင် သီးနှံစားပင်မျိုးစုံကို စီးပွားဖြစ်စိုက်ပျိုးကြပြီး ဥယျာဉ်ခြံများတွင်တစ်ခြံနှင့်တစ်ခြံ နယ်နိမိတ်အကာအရံအဖြစ် စိုက်ပျိုးထားသော သရက်ပင်များမှသရက်သီးစိမ်းများကို အချဉ်ထည့်၍ မြန်မာနိုင်ငံအနှံသို့ သရက်ချဉ်ကို နှစ်ပတ်လည် ရောင်းချ၍တစ်ဖက်တစ်လမ်းမှ ဝင်ငွေရလျက်ရှိ ကြောင်း  စုံစမ်းသိရှိရပါသည်။

19 Oct 2022

        ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲများသည် ယခင်ဩဂုတ်လတွင် ပဲဈေးကောင်းလျက်ရှိပြီး စက်တင်ဘာနောက်ဆုံးပတ်တွင် မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ သီးနှံ ဈေးနှုန်းများမှာကျလျက်ရှိပြီး မြို့တွင်းအရောင်းအဝယ်ရှိသော စားတော်ပဲ၊ ဘိုကိတ်၊ ပဲကြီးဈေး များမှာ အေးလျက်ရှိကြောင်းသိရှိရပါသည်။

မတ်ပဲ

19 Oct 2022

      အောက်တိုဘာလ၊ တတိယပတ်တွင် မင်းဘူးခရိုင် မင်းဘူးမြို့၊ မြို့မဈေး၌ အခြေခံ စားသောက်ကုန် ဈေးနှုန်းများမှာ အောက်တိုဘာလ ဒုတိယပတ်ထက် အနည်းငယ် ပြန်ကျလာသည်။ အောက်တိုဘာလ ယခုပတ်တွင် ကြက်သွန်နီ (၁) ပိဿာလျှင် (၃၅၀၀)ကျပ် ငရုတ်ခြောက် အရှည်(၁)ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်)(၁)ပိဿာလျှင်(၄၅၀၀)ကျပ်၊ ကြက်သွန်ဖြူ(ဗမာ) (၁)ပိဿာလျှင် (၃၅၀၀)ကျပ်ဖြစ်၍ ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး မန်းကျည်း သီး(၁)ပိဿာလျှင် (၃၈၀၀)ကျပ်၊ ကုလားပဲခြမ်း(၁)ပိဿာလျှင် (၅၅၀၀)ကျပ်ဖြင့် အကျမရှိပဲ ဈေးငြိမ်နေသည်ကိ

19 Oct 2022

      မန်ကျည်းမှည့်သည် စားဖိုဆောင်သုံး သီးနှံတစ်မျိုးတွင် အပါအဝင်ဖြစ်ပါသည်။ မန်ကျည်းပင်သည် အပင်ကြီးမျိုးဖြစ်ပြီး အိမ်ခြံဝန်းများတွင် အလေ့ကျပေါက်ရောက်တတ်သလို အချို့မှာ အစေ့များကို ကျဲပက်၍ စိုကိပျိုးကြပါသည်။ မန်ကျည်းပင်တစ်ပင်လုံးသည် လူသားတို့အတွက် အသုံးဝင်သဖြင့် မြေကွက်လွတ်များ၊ ဥယျာဉ်ခြံများ၊ လယ်ကွင်းများတွင် စိုက်ပျိုးနိုင်ပါက ပိုမိုအကျိုး ဖြစ်ထွန်း မည်ဖြစ်ပါသည်။ အချို့လူများသည် မန်ကျည်းပင်ပေါက်များကို ခြံစည်းရိုးတွင် ခြံစည်းရိုးအစား ခြံစည်းရိုးအကာအရံအဖြစ်စိုက်ပျိုးကြသလို ထ

Pages