ကုန်သွယ်မှုသတင်းများ
ချောက်မြို့နယ်တွင် မြို့နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် စျေးကားဖြင့်လှည့်လည်၍ စားအုန်းဆီ (၁)ပိဿာလျှင် ကျပ်(၄၆၀၀) စျေးနှုန်းဖြင့် ချောက်မြို့ပေါ် အမှတ်(၈)၊ (၉)၊ (၁၀)၊ (၁၁)၊ (၁၂) ရပ်ကွက်များရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဓမ္မာရုံများတွင် လူတစ်ဦးလျှင် စားအုန်းဆီ (၁)ပိဿာနှုန်းရောင်းချပေးလျက်ရှိပါသည်။

၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (ပထမပတ်) အတွင်း ဘားအံမြို့တွင် အခြေခံစားကုန်များဖြစ်သော ပေါ်ဆန်းဆန် တစ်ပြည်လျှင် ၅၄၀၀ကျပ်၊ ဧည့်မထဆန်တစ်ပြည်လျှင် ၂၉၀၀ကျပ်၊ ဆန်ကွဲတစ်ပြည်လျှင် ၂၁၀၀ကျပ်ဖြင့် ဆန်ဈေးနှုန်းမှာ ယခင်အပတ်အတိုင်း ဈေးနှုန်းတည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ(ယိုးဒယား) တစ်ပိဿာလျှင် ၈၃၀၀ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကြက်သွန်နီ တစ်ပိဿာလျှင် ၃၇၀၀ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ၉၀၀၀ကျပ်နှင့် ကြက်သွန်ဖြူ(ရှမ်း

မကွေးမြို့၊ ရန်ပယ်ဈေး၌ မြို့ပေါ်ရှိ ဈေးသည်များနှင့် ပတ်ဝန်ကျင်းကျေးရွာများဖြစ်သော ဒဟန်ကန်ရွာ၊ ကံလှရွာ၊ ကန်ပြားရွာ၊ ထုံးပေါက်တောကျေးရွာ၊ မကျီးကန်ကျေးရွာ၊ နွားကူးကျေးရွာ၊ သန်းတောကုန်းကျေးရွာ၊ ပုထိုးစမ်းကျေးရွာတို့မှ ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

၁၁.၉.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စျေးနှုန်းသက်သာစွာဝယ်ယူရရှိသော စားအုန်းဆီများအား မကွေးတိုင်းဒေသကြီးဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းသည် မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ကြီးကြပ်မှုဖြင့် (၅-၉-၂၀၂၃)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်မှစတင်၍ စားအုန်းဆီ(၁)ပိဿာလျှင် ကျပ်(၄၅၅၀)နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် (၁)ပိဿာနှုန်းရောင်းချပေးလျက်ရှိသည်။
