Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
12 Sep 2023

   မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌  ရောင်းချနေသော ပုဇွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်ကြောင်း သိရပါသည်။ ပုဇွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့် ဒေသအ‌ပေါ် မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ကွာခြားလျက်ရှိပါသည်။

12 Sep 2023

    မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

12 Sep 2023

    ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ နောက်ဆုံးအပတ်၌ လူနည်းစုစားသုံးသော ပေါ်ဆန်း (၁) အိတ်လျှင် ကျပ် (၁၀၀၀၀ဝိ/-) ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသော်လည်း ယခုစက်တင်ဘာလ၊ ပထမအပတ်တွင် ပေါ်ဆန်းဆန် (၁) အိတ်လျှင်  ကျပ် (၉၇၀၀ဝိ/-) ဖြစ်သွား၍ ဆန် (၁) အိတ်လျှင် ကျပ် (၃၀၀၀) ဈေးနှုန်းကျဆင်းလျက်ရှိပြီး ပဲဆီ (၁) ပိဿာလျှင် ကျပ် (၁၄၀၀ဝိ/-) မှ ယခုအခါ ကျပ် (၁၅၀၀ဝိ/-) ဖြစ်သွားသည့်အတွက် (၁) ပိဿာလျှင် ကျပ် (၁၀၀၀) မြင့်တက်လျက်ရှိကြောင်း၊ ၎င်းအပြင် အခြေခံလူတန်းစားများ အများဆုံး

12 Sep 2023

     စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်းတင်ပြလျက်ရှိရာ စက်တင်ဘာလ (ပထမပတ်)တွင် ရွှေဘိုမြို့၌ စားအုန်းဆီဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရသည်။

12 Sep 2023

   ကသာမြို့နယ်အတွင်း ၂၀၂၃-ခုနှစ် စက်တင်ဘာလ ပထမအပတ်အတွင်း  ဈေးကွက်အသီးသီး၌ ရောင်းချလျက်ရှိသော ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် (၁၃၀၀၀၀)ကျပ်၊ ဧရာမင်း ဆန်တစ်အိတ် (၁၁၀၀၀၀)ကျပ်၊ ဧည့်မထ(ဆင်း-၃) တစ်အိတ်လျှင် (၈၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး စားသုံးဆီ ဈေးနှုန်းမှာ မြေပဲဆီ တစ်ပိဿာ (၁၇၀၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာ (၁၅၀၀၀)ကျပ်နှင့် စားအုန်းဆီ တစ်ပိဿာ(၁၂၀၀၀)ကျပ်ရှိကြောင်း သိရသည်။ ဩဂုတ်လ နောက်ဆုံးအပတ်ရှိ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ကြည့်ပါက ဆန်ဈေးနှုန်းများမှာ တည်ငြိမ်လ

Pages