Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
12 Sep 2023

   မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် မကွေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ကြီးကြပ်၍ မကွေးမြို့နယ်၊ ဆန်စပါးကုန်သည်များအသင်းက (စတုတ္ထ အကြိမ်) မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ဆန်များရောင်းချပေးခြင်းကို (၅-၉-၂၀၂၃) ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် မကွေးတိုင်းကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (မကွေးကုန်စည်ဒိုင်)ရုံးရှေ့၌ ရောင်းချပေးခဲ့ပါသည်။

12 Sep 2023

     ပခုက္ကူကုန်စည်ဒိုင်တွင် ပဲစဉ်းငုံ၊ ပဲနောက်စိမ်းသေး၊ ကုလားပဲ (V6)၊ ပဲတီစိမ်းကြီး၊ ကုလားပဲ (HL)၊ ပဲယင်းနီ၊ မတ်ပဲများ အရောင်းအဝယ်ဖြစ်လျက်ရှိသည့်အပြင် နှမ်းညို၊ နှမ်းဝါ(ယော)သီးနှံများလည်း စတင်ဝင်ရောက်လာပြီဖြစ်ပါသည်။

ပဲစဉ်းငုံ

11 Sep 2023

၁၁.၉.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

11 Sep 2023

 ၁၁.၉.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

11 Sep 2023

    ဘားအံမြို့၊ ရေပေါ်ဈေးတွင် လာရောက်ရောင်းချလျက်ရှိသော ဒူးရင်းဆိပ် ရေချိုချောင်းပုစွန် များမှာ အရောင်းအဝယ်သွက်လျက်ရှိကြောင်းသိရသည်။

    အဆိုပါချောင်းပုစွန်များအား ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အစပ် ဒူးရင်ဆိပ်ကျေးရွာမှ လာရောက်ရောင်းချခြင်းဖြစ်ကြောင်းနှင့် ဒူးရင်းဆိပ်ချောင်းအတွင်း ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ တစ်ပိဿာလျှင် ၄၀၀၀၀ကျပ်မှ ၃၀၀၀၀ကျပ်ထိ အကောင်အကြီးအသေးပေါ်မူတည်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

Pages