ကုန်သွယ်မှုသတင်းများ
အောက်တိုဘာလ ၃၁ ရက်တွင် ကုန်ဆုံးမည့် ၂၀၂၂- ၂၀၂၃ ရောင်းဝယ်ရေးရာသီကာလအတွင်း စားသုံးမှုပြန်လည်အားကောင်းလာပြီး ဈေးနှုန်းများ ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားလာ ခြင်းတို့ကြောင့် အိန္ဒိယ၏ စားအုန်းဆီတင်သွင်းမှုသည် ၂၆ ရာခိုင်နှုန်း အထိ စံချိန်တင်မြင့်တက်နိုင်ကြောင်းနှင့် စားအုန်းဆီကို သန့်စင်ချက်လုပ်သည့် လုပ်ငန်းရှင်များအနေဖြင့် ဝယ်ယူမှုများ တိုးတက်လာနိုင်ကြောင်း ထိပ်တန်း စားအုန်းဆီဝယ်ယူသူတစ်ဦးက ရိုက်တာသတင်းဌာနသို့ ၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့က ပြောကြားခဲ့ပါသည်။

မလေးရှားနိုင်ငံတွင် ကုန်ထုတ်လုပ်မှုကို တိုးတက်အောင်ဆောင်ရွက်ရာ၌ အဟန့်အတား ဖြစ်စေသည့် အယ်လ်နီညို၏ ရာသီဖြစ်စဉ်များသည် စားအုန်းဆီကြမ်းကို တစ်တန်လျှင် ရင်းဂစ်ငွေ ၃,၈၀၀ မှ ၄,၂၀၀ အထိ မြင့်တက်လာစေခဲ့ပါသည်။

၂၀၂၃ခုနှစ်၊ ဩဂုတ်လ စတုတ္ထအပတ် ကျိုင်းတုံမြို့ဈေးကွက်ရှိ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာ ဈေးနှုန်းအနေဖြင့် ဘိလပ်မြေ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၇၄၀၀)ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၉၂၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၉၂၀၀)ကျပ် ဖြစ်ပါသည်။ ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (MEP) (50)kg တစ်အိတ်လျှင် (၉၅၀၀၀) ကျပ်၊ တီဆူပါ (လေဆာ) (50)kg တစ်အိတ်လျှင် (၃၄၀၀၀) ကျပ်၊ တီဆူပါ (may) (50)kg တစ်အိတ်လျှင် (၃၄၀၀၀) ကျပ်၊ ချာန (သုံးမျိုးစပ်) (50)kg တစ်အိတ်လျှင် (၁၇၀၀၀၀) ကျပ်ဖြစ်ပ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်မှ မိုးရာသီတွင် ဖူးစားပြောင်းနှင့် အစေ့ထုတ်ပြောင်း သီးနှံအား အများဆုံးစိုက်ပျိုးကျကြောင်း ဖူးစားပြောင်းသည် နိုင်ငံခြားပို့ကုန် အဓိက ကဏ္ဍမှ မပါသော်လည်း ဒေသတွင်းဈေးကွက်ဖွံ့ဖြိုးမှုရှိသည့် သီးနှံဖြစ်ပြီး ဖူးစားပြောင်းကို အချို့ ဒေသများ၌ မိုးရာသီကာလများဖြစ်သော ဇွန်လမှ ဩဂုတ်လအတွင်း စိုက်ပျိုးကြောင်း သိရှိရပါသည်။
ပန်းမုန်လာ(ခေါ်) ပန်းဂေါ်ဖီမှာ အေးပြီး စိုစွတ်တဲ့ဒေသတွေမှာ စိုက်ပျိုးဖြစ်ထွန်းတာကြောင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ မြို့နယ်အတော်များများတွင် စိုက်ပျိုးကြပါတယ်။ ပန်းမုန်လာကို မျိုးစေ့ ဖြင့် ပျိုးဘောင်များတွင် ကြဲပက်စိုက်ပျိုးပြီး ပျိုးသက်(၁)လခန့်အကြာတွင် ပျိုးပင်များကို ပြန်ခွဲ၍ ပြောင်းရွေ့ပြီး ဧကအလိုက် ပြန်လည်ပျိုးထောင် စိုက်ပျိုးကြပါတယ်။ အပင်စတင်စိုက်ပျိုးပြီးလျှင် (၃) ကြိမ် မြေဩဇာကျွေးပေးရပါတယ်။ မြေဩဇာကျွေးရာတွင်လည်း ပြောင်းရွေ့စိုက်ပျိုးပြီး (၇-၁၀) ရက်ခန့်တွင် ပထမ
