
စစ်ကိုင်းမြို့နယ်အတွင်းရှိ ညောင်ပင်ဝန်း၊ နှုံးတွင်းရွာ၊ မတူးလှ၊ မြင်းမူမြို့နယ်အတွင်းရှိ ကင်းရွာ၊ ညောင်ပင်လှ၊ ပျော့ရွာ၊ ပေါက်ကား စသည့် မြို့ရွာ တစ်ဝိုက်တွင် ခရမ်းချဉ်သီးကို နှစ်စဉ် စီးပွားဖြစ် စိုက်ပျိုးလျက်ရှိပါသည်။
စစ်ကိုင်းမြို့ပေါ်တွင် ခရမ်းချဉ်သီးများကို စစ်ကိုင်း၊ မြင်းမှု၊ မြောင်မြို့နယ်တစ်ဝိုက်ရှိ မြို့၊ရွာ များမှလည်းကောင်း၊ မန္တလေးမြို့ ကုန်စိမ်းဒိုင်များမှလည်းကောင်း ဝယ်ယူ ရောင်းချလျက်ရှိရာ ဧပြီလ တွင် ခရမ်းချဉ်သီး တစ်ပိသာလျှင် ၁၀၀၀/- မှ ၂၀၀၀/- ကျပ်ထိ၊ မေလတွင် ၃၀၀၀/-မှ ၄၀၀၀/-ကျပ်ထိ အရောင်းအဝယ်ဖြစ်လျက်ရှိခဲ့ပြီး ယခုအခါ ယခင်က ခရမ်းချဉ်သီး(ဒေသသီး) စိုက်ပျိုးသော မြို့၊ ရွာများမှာ ခရမ်းချဉ်သီးထွက်ရှိမှု မရှိတော့သောကြောင့် ဇွန်လပထမပတ်တွင် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၄၅၀၀/- မှ ၆၀၀၀/- ကျပ် ဈေးနှုန်းဖြင့် ယခင်လထက် ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ် ဖြစ်နေကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)