Main menu

ကန့်ဘလူမြို့ ဈေးကွက်အတွင်းသို့ ရောက်ရှိလာသော ပန်းငရုတ်ပွသီး ဈေးနှုန်း အခြေအနေ

Powered by Drupal

     ပန်းငရုတ်ပွသီးများကို မြန်မာနိုင်ငံအတွင်းမှာ ငရုတ်အချို၊ ငရုတ်ပွဟူ၍ ခေါ်ဆိုကြပြီး ငရုတ်ပွ၏ အရာသာမှာ ချိုသောအရသာရှိပြီး ဈေးကောင်းလည်းရရှိသော သီးနှံတစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။ ပန်းငရုတ်ပွသီးကို အသားဟင်းများကြော်ချက်ရာတွင်လည်းကောင်း၊ အစိမ်းကြော်ကြော်ရာတွင် လည်း ကောင်း၊ ငါး ငါးပိချက် ချက်ရာတွင်လည်းကောင်း အသုံးပြုကြတာဖြစ်ပါသည်။

    ၂၀၂၄ ခုနှစ်၊ ဇွန်လ လဆန်းပိုင်းတွင် ကန့်ဘလူမြို့မစည်ပင်သာယာဈေး အတွင်း၌ ပန်းငရုတ်ပွ သီးများ ဈေးကွက်အတွင်း ရောင်းချလာသည့်အတွက် ရောင်းချသူအား မေးမြန်းကြည့်ရာ ပန်းငရုတ်ပွသီး များကို မန္တလေးမြို့မှ မှာယူရောင်းချကြောင်း၊  ငရုတ်ပွသီး တစ်ပိဿာလျှင် (၇၀၀၀)ကျပ် ဈေးနှုန်းဖြင့်   ဖောက်သည်ဝယ်ယူရပြီး ကန့်ဘလူမြို့ စားသုံးသူပြည်သူများထံသို့ (၁၀)ကျပ်သားလျှင်(၁၀၀၀)ကျပ် ရောင်းချရကြောင်း၊ ပန်းငရုတ်ပွသီးများကို ဧပြီလလောက်က စပေါ်ပြီး ယခု ဇွန်လမှာ လှိုင်လှိုင်ပေါလာ သည့်အတွက် ဈေးအနည်းငယ်လျော့ကျလာကြောင်း၊ ပန်းငရုတ်ပွသီးသည် နူးညံ့၍ ပုပ်သိုးပျက်စီးလွယ် သောကြောင့် ဂရုစိုက်ထားသို ရသော သီးနှံတစ်မျိုးလည်း ဖြစ်ကြောင်း ကန့်ဘလူမြို့မစည်ပင်သာယာဈေး ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)