Main menu

ဆန်ပွဲရုံများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး မှခရိုင်ဦးစီးမှူးနှင့် ရွှေဘိုမြို့နယ်တာဝန်ခံတို့သည်  (၄.၆.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ စန်းသော်တာဆန်ပွဲရုံသို့သွားရောက်၍ ဆန်သိုလှောင်ထားရှိမှု၊ လက်ကျန်၊ ရောင်းချမှုနှင့်  ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့စစ်ဆေးရာတွင် လုပ်ငန်းရှင်အနေဖြင့် ဆန်စက်တည်ထောင်ထားခြင်းမရှိဘဲ ဆန်စက်များနှင့် ပွဲစားများမှ ရောင်းချသည့်ဆန်များကိုဝယ်ယူ၍ ပြန်လည်ရောင်းချလျက်ရှိကြောင်း၊ လက်ရှိရောင်းချလျက်ရှိသောဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ်လျှင်(၁၅၀၀၀ဝိ/-)ကျပ်မှ (၁၅၅၀၀ဝိ/-)ကျပ်ဖြင့် လည်းကောင်း၊ ဧရာမင်း ဆန်တစ်အိတ်လျှင်(၁၄၀၀၀ဝိ/-)ကျပ်မှ (၁၄၅၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ရောင်းချလျက်ရှိသော ဆန်ဈေးနှုန်းများမှ  ယခင်အပတ်ဈေးနှုန်းထက် သိသိသာသာ မြှင့်တက်ခြင်းမရှိဘဲ အရောင်းအဝယ်မှာလည်း ပုံမှန်သာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ခရိုင်ဦးစီးမှူးက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များအတွင်းရှိ ဆန်အပါအဝင် အခြေခံစားကုန်ပစ္စည်းများ ပြတ်လတ်မှုမရှိစေရေးနှင့် ဈေးနှုန်းများတည်ငြိမ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ဌာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းများ မပြုလုပ်ရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)