Main menu

အထက်မင်းလှမြို့တွင် အာလူးဈေးနှုန်းမြင့်တက်လျက်ရှိ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် အာလူးကို မကွေးမြို့၊ မင်းဘူးမြို့နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အောင်ပန်းမြို့တို့မှ မှာယူရောင်းချကြောင်း၊ ယခုအချိန်တွင် အာလူးကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နှင့် အောင်ပန်းမြို့တို့မှ အများဆုံးမှာယူရောင်းချကြောင်းသိရပါသည်။

      ၂၀၂၄ခုနှစ်၊ ဇွန်လ(ပထမပတ်)တွင် အာလူးအလုံးကြီး(၁)ပိဿာလျှင် ကျပ်(၃၀၀၀)၊ အသေး (၁)ပိဿာလျှင် ကျပ်(၂၅၀၀)ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပြီး ယခင်မေလ(စတုတ္ထပတ်)ထက် ကျပ် (၃၀၀-၅၀၀)ဈေးနှုန်းမြင့်လျက်ရှိကြောင်းသိရပါသည်။ ယခုအချိန်တွင် အာလူးမှာယူထွက်ရှိရာဒေသများ၌ အာလူးရာသီကုန်ဆုံးချိန်ဖြစ်ပြီး အခင်းသစ်များစိုက်ပျိုးချိန်ဖြစ်သည့်အပြင် လက်ကျန်အာလူးများကိုရောင်းချရခြင်းနှင့် သယ်ယူစရိတ်မြင့်မားခြင်းတို့ကြောင့် အာလူးဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မကွေး)