Main menu

ပြည်ပဲဈေးကွက်၌ ပဲတီစိမ်းသီးနှံမှာ အခြားပဲများထက် ဈေးလျော့နည်းကာ ရောင်းဝယ်မှုဖြစ်

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲဈေးကွက်အတွင်း ပြည်ပဝယ်လက်ရှိသော ပဲသီးနှံများအနက် ယခုနှစ်အတွင်း ပဲတီစိမ်းသီးနှံဈေးအနေဖြင့် ဈေးအေးနေခဲ့သည်ကိုတွေ့ရပါသည်။ ယခုနှစ်၌ အခြားပဲအားလုံးလိုလို   ဈေးကောင်းရရှိခဲ့သော်လည်း ပဲတီစိမ်းသီးနှံမှာ ပိဿာ(၂၀)ဝင် တစ်တင်းလျှင် ကျပ်၆၈၀၀၀၀ခန့်ဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ပဲတီစိမ်းသီးနှံမှာ ဈေးကွက်အတွင်းသို့ ပဲသစ်ဝင်ရောက်ခြင်းမရှိကြောင်း၊ ပဲဝင်ရောက်မှုလည်း နေ့စဉ်မရှိဘဲ လက်ကျန်ပဲတချို့ဖြင့် တစ်ခါတစ်ရံ၌ အိတ် (၂၀၀/၃၀၀) ကျော်အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ပဲတီစိမ်းသီးနှံအား မန္တလေးလိုင်းသမားများက အဓိကဝယ်ယူမှုရှိသည်ဟုသိရပါသည်။ မိုးပဲတီစိမ်းသစ်များမှာ ဇွန်လ၊ ဇူလိုင်လများတွင် ပြည်အနီးတစ်ဝိုက်ဒေသများဖြစ်သော  ပေါင်းတလည်၊ ပေါက်ခေါင်းမြို့နယ်များမှ ဝင်ရောက်လာနိုင်ပြီး အခြားမတ်ပဲ၊ ကုလားပဲသီးနှံများကဲ့သို့ တစ်နှစ်တာကာလပတ်လုံး ရောင်းဝယ်နေခြင်းမဟုတ်ဘဲ ပဲထွက်ပေါ်ချိန်ကာလတွင်သာ ရောင်းဝယ်မှုအဖြစ်များသောသီးနှံဖြစ်ပါသည်။ ပဲတီစိမ်းသီးနှံမှာ  ပြည်ခရိုင်၌ မိုးနှင့်ဆောင်း  ၂ရာသီထွက်ပေါ် ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)