
ရွှေဘိုမြို့ပေါ်ရှိ အောင်ဇေယျဈေးတွင် ဆိုင်ခန်းပေါင်း (၁၀၀)ကျော်နှင့် ပျံကျဈေးသည် များအပြင် မိုးကုတ်မြို့သို့ တင်ပို့ရောင်းချသည့် သီးနှံလက်ကားဒိုင်များဖြင့် နေ့စဉ် နံနက် (၆:၀၀)နာရီမှ နေ့လယ် (၁၄:၀၀)နာရီထိ ပိတ်ရက်မရှိ ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ပထမဆုံးပတ်တွင် တန့်ဆည်မြို့နယ် ကံထူးမရွာ မှာယူရောင်းချသည့် ရာသီပေါ် အင်ဥ(ခေါ်)မှိုစေ့များ လှိုင်လှိုင်ဝင်ရောက်လျက်ရှိပြီး တစ်ပိဿာလျင် (၂၅၀၀၀)ကျပ်မှ (၃၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်သွက်နေပြီး ၊ဝင်ရောက်လာသော အင်ဥ(မှိုစေ့)များအား ဈေးအတွင်းရှိ လက်လီ ပျံကျဈေးသည်များကို ဖောက်သည်ပေးသည့်အပြင်၊ ဆိုင်ကယ်ဖြင့် မြို့တွင်းလှည့်လည်ရောင်းချသော ဈေးသည်များ၊ ရွှေဘိုမြို့ပေါ်ရှိ ထမင်းဆိုင်များနှင့် နေ့စဉ်စားသုံးသူများသို့ လက်လီ/လက္ကားရောင်းချလျက်ရှိကြောင်း အောင်ဇေယျဈေးအတွင်းရှိ သီးနှံစုံ လက်ကားဒိုင် များမှ သတင်းရရှိသည်။
DOCA(စစ်ကိုင်း)