![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၃၂၃_2.jpg?itok=Pup42Vn4)
ဇရစ်ရိုးပင်များသည် ကျေးရွာများတွင် စိမ့်စမ်းရေများမှဖြစ်ပေါ်လာသော စမ်းချောင်းငယ်များနှင့် စွတ်စိုသောမြေများတွင် ပေါများစွာပေါက်ရောက်ကြောင်းသိရှိရပါသည်။ ယခုမိုးဦးကျအချိန်ကာလဖြစ်သော ဇရစ်ရိုးပေါ်ချိန်တွင် ဇရစ်ရိုးပင်များမှ ဇရစ်ရိုးနုများကို မိသားစုဝင်ငွေရရှိရန်အတွက်ခူးယူပြီး ဈေးများတွင် ပြန်လည်ရောင်းချကြပါသည်။ ဇရစ်ရိုးပင်သည် ဆူးရှိသောအပင်တစ်မျိုးဖြစ်ပါသည်။ အရိုးနှင့် အရွက် (၂)မျိုးလုံးမှာ စား၍ရသည့်အပင်ဖြစ်ပါသည်။ မိုးရာသီတွင် ဇရစ်ရိုးပင်များသည် ပေါများစွာပေါက်ရောက်ပြီး ယခုအခါ နွေရာသီဖြစ်သည့်အတွက် ဇရစ်ရိုးများရှားပါးလာသည့်အတွက် မေလကုန်ပိုင်းတွင် ဇရစ်ရိုးတစ်စည်းလျှင် (၁၀၀)ကျပ်နှုန်းဖြင့်ရောင်းချသော်လည်း နွေရာသီဖြစ်သောကြောင့် ဇရစ်ရိုးတစ်စည်းလျှင် ၂၅၀ကျပ်နှုန်းဖြင့် ရောင်းချကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)