![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/စက်သုံးဆီ_11.jpg?itok=IyKRdrv-)
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်း တင်ပြလျက်ရှိရာ မေလ နောက်ဆုံးပတ်တွင် ရွှေဘိုမြို့၌ စားသုံးဆီ ဈေးနှုန်းများ အနည်းငယ် မြင့်တက်လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရသည်။
ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကား ရောင်းချသောဆိုင် (၁၂)ဆိုင်ရှိပြီး မေလစတုတ္ထပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၅၈၀၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၄၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုမေလ နောက်ဆုံးပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၅၈၀၀) ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၅၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေသဖြင့် ၊စားအုန်းဆီဈေးနှုန်းမှာ ယခင်ပတ်နည်းတူ ဈေးနှုန်း တည်ငြိမ်လျက်ရှိပြီး၊ ပဲဆီသန့် နှင့် နှမ်းဆီသန့် ဈေးနှုန်းမှာ တစ်ပိဿာလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း စားသုံးဆီ လက်ကားအရောင်းဆိုင်များမှ သတင်းရရှိသည်။
DOCA(စစ်ကိုင်း)