Main menu

သထုံခရိုင်၏ ဆန်စပါး ဈေးနှုန်းနှင့် စီးဝင်/စီးထွက်မှု အခြေအနေ

Powered by Drupal

     သထုံခရိုင်အတွင်းရှိ မြို့နယ်များတွင် မေလ၏ တတိယအပတ်တွင် စပါး၊ ဆန် ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိခဲ့ပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်းဒေသကြီးနှင့် အခြားခရိုင်မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်ခရိုင်သို့ (၃၄၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၁၈၅၀) အိတ်ခန့်၊ စုစုပေါင်း(၅၂၅၀)  အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၅၀) တန်ခန့် စီးထွက်ခဲ့ပါသည်။ ယခု မေလ၏ နောက်ဆုံးအပတ်တွင် မော်လမြိုင်ခရိုင်သို့ (၃၆၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၀၀၀) အိတ်ခန့်၊ စုစုပေါင်း(၅၆၀၀)  အိတ်ခန့်၊ တန်ချိန်အား ဖြင့် (၂၇၀) တန်ခန့် စီးထွက်ခဲ့ပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ပုံမှန်အတိုင်း စီးထွက်ခဲ့ပါသည်။

    သထုံခရိုင်အတွင်းသို့ မေလ၏ တတိယအပတ်တွင် ဆန်စီးဝင်မှုနှုန်းမှာ ရန်ကုန်တိုင်း ဒေသကြီးမှ (၁၃၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၅၀၀) အိတ်ခန့်၊ စုစုပေါင်း (၂၈၀၀) အိတ်ခန့် တန်ချိန်အားဖြင့် (၁၃၅) တန်ခန့်စီးဝင်ခဲ့ပြီး၊ မေလ၏ နောက်ဆုံးအပတ်တွင် ရန်ကုန်တိုင်းဒေသကြီးမှ (၈၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၁၀၀) အိတ်ခန့်၊ စုစုပေါင်း (၁၉၀၀) အိတ်ခန့် တန်ချိန်အားဖြင့် (၉၀) တန်ခန့်စီးဝင်ခဲ့ပြီး၊ သထုံခရိုင်အတွင်းသို့ ဆန်စီးဝင်မှုနှုန်းမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက အနည်းငယ်လျော့၍ စီးဝင်ခဲ့ပါသည်။

     သထုံခရိုင်အတွင်း၌ မေလ၏ နောက်ဆုံးအပတ်တွင် ဆန်ဈေးနှုန်းများမှာ စပါးတင်း (၁၀၀)လျှင် ဒေသပေါက်ဈေး ကျားပျံဟိုတယ် (၃၅၀၀၀၀၀)ခန့်၊ ပေါ်ဆန်းဝါ (၃၃၀၀၀၀၀) ခန့်၊ ကမာကြည် (၂၈၀၀၀၀၀)ခန့်၊ ဧည့်မထ (၁၉၀၀၀၀၀)ခန့်နှင့် (၂၄)ပြည်ဝင် ဆန်တစ်အိတ်လျှင် ကျားပျံဟိုတယ် (၁၅၅၀၀၀)ခန့်၊ ပေါ်ဆန်းဝါ (၁၅၀၀၀၀) ခန့်၊ ကမာကြည် (၁၂၅၀၀၀)ခန့်၊ ဧည့်မထ (၈၀၀၀၀)ခန့်ရှိပြီး ယခုအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းမှာ အကျဘက်သို့ ဦးတည်ခဲ့ပြီး ဆန်ဈေးမှာ ယခင်အပတ်ထက် အတက်ဘက်သို့ ဦးတည်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)