ကုန်သွယ်မှုသတင်းများ
ယခု၂၀၂၃ခုနှစ်၊ဇူလိုင်လ တတိယပတ်တွင် ပြည်စည်ပင်သာဈေးကြီး၌ ရွှေဘုံသာ၊ ပန်းတောင်း၊ ဉသျှစ်ပင်မြို့တို့မှ တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားတဲ့ ဇီးသီးခြံများမှ ဇီးသီးများဈေးကွက် စတင်ရောင်းချနေပြီဖြစ်ပါသည်။ ပေါ်ဦးပေါ်ဖျားဖြစ်သော ဇီးသီးများဈေးကောင်းရပြီး ဇီးသီးလှိုင်လှိုင်ပေါ်ချိန်တွင် သေတ္တာများဖြင့် ရန်ကုန်သို့တင်ပို့ကြသော်လည်း ယခုလို ပေါ်ဦးပေါ်ဖျားကာလများတွင် ပြည်မြို့စည်ပင်သာယာဈေးကြီးတွင် အရောင်းအဝယ်ရှိကြောင်း သိရပါသည်။ ရောင်းချသော ဇီးသီးဈေးနှုန်းများမှာ တစ်ပြည်လျှင် (၁၅၀၀)ကျ
တောင်ငူခရိုင်၊ ဖြူးမြို့တွင် ၂၀၂၃ခုနှစ်၊ဇွန်လကုန်ပိုင်းက ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၁၀၀၀၀ ကျပ်ရှိရာမှ ယခုဇူလိုင်လတတိယအပတ်တွင် ၁၁၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်ပြီး ဧည့်မထ(မိုး)မှာ ဇွန်လကုန်ပိုင်းက တစ်အိတ်လျှင် ၇၂၀၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၇၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ် ကျဆင်းပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။
တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။
၂၀.၇.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည