Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
28 Mar 2022

           စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်တွင် မြေပဲစိုက်ဧက စုစုပေါင်း ၃၂,၄၇၉ဧကခန့် ရှိပြီး မြေပဲအထွက်နှုန်း ၁,၃၃၁,၆၃၉တင်းခန့် ထွက်ရှိကြောင်း  တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

28 Mar 2022

                သကြားပြောင်းဖူးချိုကို မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ ကျေးရွာများတွင် စီးပွားဖြစ်စိုက်ပျိုးလျှက်ရှိသည်ကို  တွေ့ရှိရပါတယ်၊ မြေတစ်ဧကကို သကြား ပြောင်းဖူးမျိုးစေ့ ၃ထုပ်မှ ၄ ထုပ်စိုက်ပျိုးရပြီး ပြောင်းမျိုးစေ့အများအပြားရှိသော်လည်း ပံ -၁၃၅ နှင့် မျှားနီ/ လေယာဉ်မျိုးများကိုသာ အများဆုံးစိုက်ပျိုးလျှက်ရှိပါကြောင်း၊ မျိုးစေ့ ၁ထုပ်လျှင် ပါဝင်မှုမှာ နို့ဆီဗူး (၄)ဗူးခန့်ရှိပြီး မျိုးစေ့ ၁ ထုပ် ကျပ်၂၇၀၀၀မှ ၂၈၀၀၀ ထိ ပေးဝယ်ရကြောင်း၊ မြေတစ် ဧကလျှင် ထွန်ယက

28 Mar 2022

               ပူပြင်းသည့်နွေရာသီသို့ စတင်ကူးပြောင်းရောက်ရှိလာပြီဖြစ်ရာ မုံရွာမြို့တွင် သောက်ရေသန့်များ အရောင်းအဝယ်သွက်လက်လျက်ရှိကြောင်း သိရသည်။

28 Mar 2022

              ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊  ဟင်္သာတခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည်၊ ဟင်္သာတမြို့၊ ဟင်္သာတစက်မှုဇုန်ရှိ ဦးလှိုင်စိုး၏ စပါးခွံလောင်စာတောင့်လုပ်ငန်းသို့၊ (၂၃.၃.၂၀၂၂) နေ့တွင် သွားရောက်လေ့လာခဲ့ပါသည်။ စပါးခွံမှ လောင်စာတောင့်ထုတ်လုပ်ခြင်းကို ပြည်တွင်းဖြစ်စက်များဖြင့်ထုတ်လုပ်ခြင်းဖြစ်ပြီး တရက်လျှင် လောင်စာတောင့် တစ်တန်ခွဲမှ နှစ်တန်ကျ စက် (၂၃) လုံးတပ်ဆင်ထားပြီး စပါးခွံလောင်စာ တောင့်များ ထုတ်လုပ်လျက်ရှိပါသည်။

28 Mar 2022

                        ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသထွက်ကုန်များတွင် ပြည်ပပို့ကုန်သီဟိုဠ်ဈေးကွက်မှာ ရာသီသီးနှံအဖြစ် ဖေဖော်ဝါရီလကုန်မှစတင်၍ ဈေးကွက်သို့ ဝင်ရောက်လျက်ရှိပြီး မတ်လပိုင်း ဆိုလျှင် သီဟိုဠ်လှိုင်လှိုင်ပေါ်သည့်အချိန် ဖြစ်ကြောင်း ၊ သီဟိုဠ်ရာသီမှာ မိုးမရွာခင်အချိန်အထိ ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်၍ မေ၊ဇွန်လများတွင် မိုးဖြိုင်ဖြိုင်ရွာသွန်းပါက သီဟိုဠ်စေ့မှာ မိုးမိလျှင် ရေဝင်ကာ အသီးမှာမဲသွားသည့်အတွက် ဈေးကွက်တွင် အရောင်းအဝယ်မဖြစ်တော့ဘဲ သီဟိုဠ်ရာသီပြီးဆုံးကြောင်း ဈေးကွက်မှသိရသည်။

Pages