ကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး (အရှေ့) ညောင်လေးပင်ခရိုင် ၊ ညောင်လေးပင်မြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်မွေးမြူသူများ တိုက်ရိုက်အရောင်းဆိုင်တွင် ဆန်၊ ဆီ၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်နှင့် အသားငါးများကို (၂၁.၆.၂၀၂၃)ရက်နေ့မှစတင်၍ သက်သာသောနှုန်းထားဖြင့် ရောင်းချပေးလျက်ရှိပါသည်။

ဆန်းသစ်သောအသွင်သဏ္ဍာန်ကြောင့် ဒီဇိုင်းလက်ရာအမျိုးမျိုးကိုပြုလုပ်နိုင်သော ပန်းထိမ် ပညာရှင်တို့ပင် ငိုကြွေးရသည်အထိ တုပ၍မပြုလုပ်နိုင်သောကြောင့် “ပန်းထိမ်ငိုပန်း”ဟု ခေါ်တွင် ကြောင်း ငယ်စဉ်ကပင်ကြားဖူးခဲ့ပါသည်။ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့် ပန်းထိမ်ငိုပန်းမှာ အရောင်အသွေးစုံလင်သဖြင့် လူအများကြိုက်နှစ်သက်သလို၊ ဘုရားပန်းအဖြစ်လည်းကောင်း၊ အလှ ပန်းအိုးထိုးအဖြစ်လည်းကောင်း အသုံးပြုကြပါသည်။

“ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် မျှော်မှန်းချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် သီးနှံဈေးနှုန်း၊ ဈေးကွက်နှင့် စီးဝင်/စီးထွက်မှုအခြေအနေများကို စာရင်းကောက်ယူလျက်ရှိရာ ကန့်ဘလူခရိုင်အတွင်း ဆန်စီးဝင် စီးထွက်အခြေအနေများကို ဖော်ပြလိုက်ရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကအား ထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပါသည်။ ရှေးယခင်ကတည်းက သီးနှံစိုက်ပျိုးရာတွင် သဘာဝမြေဩဇာတစ်မျိုးဖြစ်သည့် နွားချေးကို အသုံးပြုစိုက်ပျိုးခဲ့ကြသော်လည်း ယခုအခါတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိပါသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးရာသီအတွင်း ကရင်ပြည်နယ်တွင် မိုးစပါးများ စိုက်ပျိုးလျက်ရှိရာ ၂၀၂၃ ခုနှစ်ဇူလိုင်လတွင် ကရင်ပြည်နယ် ၊ တောကြီးကုန်း ကျေးရွာ၌ မိုးစပါး များ ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
