ကုန်သွယ်မှုသတင်းများ
အပ်မှိုဆိုသည်မှာ ရှည်ပြီးပါးသွယ်၍ ခေါင်းစွပ်ပုံစံမှိုတစ်မျိုးဖြစ်ပါသည်။ အပ်မှိုကို မြန်မာနိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့်စားသုံးကြပါသည်။ အပ်မှိုတွင် အာဟာရဓါတ် တော်တော်များများပါဝင်ပြီး လူတစ်ယောက်အတွက် အဓိကလိုအပ်ချက်ဖြစ်သည့် အရိုးကိုအားဖြစ်စေသော ကယ်လ်ဆီယမ်ဓါတ်များ၊ သွေးတိုးခြင်းနှင့် အသည်းရောဂါကိုသက်သာစေသော အထောက်အကူပြုဓါတ်များလည်း ပါဝင်ပါသည်။ ကြက်ဥနှင့် အသားဓါတ်မတည့်သော ရောဂါရှိသူများသည် အပ်မှိုကို ရှောင်ရှားသင့်ပါသည်။ အစာအဆိပ်သင့်တက်သူများသည် အပ်မှိုကိုဂရုပြု၍ စားသုံးသင့်

သံပုရာသီးသည် မြန်မာနိုင်ငံတွင် အသုပ်သုပ်သည့်အခါ၊ မုန့်ဟင်းခါးနှင့် အုန်းနို့ခေါက်ဆွဲစားသည့်အခါ သံပုရာသီးညှစ်၍ စားသုံးလေ့ရှိပါသည်။ သံပုရာသီးကို သံပုရာသီး သနပ်၊ ဖျော်ရည် များပြုလုပ်၍လည်း စားသုံးကြပါသည်။ သံပုရာသီးကို အင်္ဂလိပ်လို Sour Lime ဟုခေါ်ပြီး အစာကြေဆေး၊ ပိုးသတ်ဆေး၊ သွေးတိုးကျဆေးစသည့် တိုင်းရင်းဆေးများဖော်စပ်ရာတွင် အသုံးပြုလေ့ရှိပါသည်။ ပြည်ခရိုင်၊ ပြည်မြို့တွင် သံပုရာသီးဈေးနှုန်းများအနေဖြင့် ခုရက်ပိုင်းတွင် ဈေးနှုန်းများကျဆင်းပြီး အရောင်းအဝယ်သွက်လျက်ရှိပါသည်။ တစ်နိ

ပြည်ခရိုင်တွင် ဇွန်၊ ဇူလိုင်လမှစတင်၍ မိုးမြေပဲများစတင်စိုက်ပျိုးရာ စိုက်ဧကမှာ (၁၅၀၀) ကျော်ခန့် စိုက်ပျိုးပြီးဖြစ်ကြောင်း သိရပါသည်။ မိုးမြေပဲများကို လာမည့် ဩဂုတ်လနှင့် စက်တင်ဘာလ တို့တွင် စတင်ထွက်ပေါ်လာမည်ဖြစ်ပါသည်။ ယခုအချိန်ပြည်ဈေးကွက်သို့ ကံမဘက် မှ ဝင်ရောက် လျှက်ရှိပြီး တစ်နေ့လျှင် အိတ် (၁၅၀)ခန့်သာ ဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။ ဝင်ရောက် လာသောမြေပဲဆန်များကို ဆီစက်သမားများနှင့် ပဲကြော်၊ ပဲလှော်သမားများက ဝယ်ယူမှုရှိ သဖြင့် ပြည်ဈေးကွက်တွင် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပါ

ပြည်ခရိုင်၊ ပြည်မြို့တွင် ၂၀၂၃ခုနှစ်၊ ဇူလိုင်လပထမပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများဖြစ်သော ရွှေဘိုပေါ်ဆန်း(၂၄)ပြည်တစ်အိတ်လျှင် (၁၁၆၀၀၀)ကျပ်၊ ဧည့်မထအဟောင်း တစ်အိတ်လျှင် (၇၆၀၀၀)ကျပ်၊ ကရင်မဆန် တစ်အိတ်လျှင် (၆၂၀၀၀)ကျပ်၊ မှော်ဘီစမ်း တစ်အိတ်လျှင် (၆၅၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

ပြည်ပဲမျိုးစုံဈေးကွက်မှာ ပဲကြီးသီးနှံအနေဖြင့် မတ်ပဲ၊ ကုလားပဲသီးနှံများနှင့်ယှဉ်လျှင် ဈေးပိုရလျက်ရှိပြီး ပဲလက်ကျန်ရှိမှုအပေါ်နေ့စဉ် အရောင်းအဝယ်ဖြစ်ခဲ့ကြပါသည်။ ပဲခွဲစက်သမားများ အဓိက ဝယ်ယူနေသလို ရန်ကုန်ဝယ်လက်လည်းရှိသည့်အတွက် အိတ် (၂၀၀/၃၀၀)ကျော် နေ့စဉ် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါသည်။ ပဲဈေးနှုန်းမှာ ရွှေကျွန်း တစ်တင်း (၉၇၀၀၀) ကျပ်၊ ကမ်းနား တစ်တင်း (၉၃၀၀၀)ကျပ်ဖြင့် အသီးသီးရောင်းဝယ်နေကြပါသည်။ ပဲကြီးသီးနှံမှာ နှစ်စဉ် အခြားပဲများနှင့်ယှဉ်လျှင် ဈေးကောင်းရသောကြောင့် ယခင်နှစ်က ဇ