ကုန်သွယ်မှုသတင်းများ
ရုရှားနိုင်ငံမှ ပင်လယ်နက်သီးနှံအရောင်းအဝယ်စာချုပ်ကို ဖျက်သိမ်းခဲ့ပြိးနောက် ယခု သီတင်းပတ်အစတွင် ကမ္ဘာ့ဂျုံဈေးနှုန်းများမှာ ၁ဝ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပါသည်။ ချီကာဂို ကုန်သွယ်မှုအဖွဲ့အစည်း (Chicago Board of Trade) ၏ အဆိုအရ ဂျုံဈေးနှုန်းမှာ တစ်စည်လျှင် ၇ဝ၅.၅၈ ဆင့် (တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၅၉) မြင့်တက်ခဲ့ကြောင်း၊ ယခင်က တစ်စည်လျှင် ၆၃၆ ဆင့်ရှိခဲ့သဖြင့် ၁ဝ ရာခိုင်နှုန်းကျော်ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

HSBC Vietnam ၏ ဖော်ပြချက်အရ သုံးနှစ်ခန့်ဖြစ်ပေါ်ခဲ့ခြင်းမရှိရာမှ တစ်ကျော့ပြန် ပြန်လည်ဖြစ်ပေါ်လာသော အယ်လ်နီညိုကြောင့် အာဆီယံဒေသတွင်းနိုင်ငံများ၏ ကုန်သွယ်မှုမှာ မိုးခေါင်ရေရှားဖြစ်ပေါ်မှု၊ ရေရှားပါးမှုနှင့် ပျက်စီးဆုံးရှုံးမှုတို့ တွေ့ကြုံနိုင်ကြောင်း သိရှိရပါသည်။ ဗီယက်နမ်နိုင်ငံတွင် အယ်လ်နီညိုကြောင့် ဆန်နှင့်ကော်ဖီအပါအဝင် လယ်ယာထွက်ကုန် အထွက်နှုန်းများမှာ သိသာစွာထိခိုက်နိုင်ကြောင်း HSBC Vietnam ၏ စီးပွားရေးပညာရှင်များက သုံးသပ်ခဲ့ကြပါသည်။ အစီရင်ခံစာတွင် ဆန်၊ စားအုန်းဆီနှင့် ကေ

ရုရှားနှင့် ယူကရိန်း နှစ်ဖက်အကြား ချုပ်ဆိုထားသော ကောက်ပဲသီးနှံဆိုင်ရာစင်္ကြံ (Grain Corridor) သဘောတူစာချုပ်၏ သက်တမ်းကာလ မကုန်ဆုံးခင်အလိုတွင် ယူကရိန်း၏ ကောက်ပဲသီးနှံများကို ကမ္ဘာ့ဈေးကွက်သို့ တင်ပို့သည့် လူသားချင်းစာနာမှုစင်္ကြံကို တားမြစ်ရပ်ဆိုင်းရန် ရုရှား၏ အမှတ်မထင်တုံ့ပြန်ဆောင်ရွက်မှုသည် စားအုန်းဆီကြမ်း (CPO)ဈေးနှုန်းများကို မကြာသေးမီအချိန်အတွင်း မြင့်တက်လာစေနိုင်သည်ဟု ခန့်မှန်းရကြောင်း New Straits Times သတင်းဌာနက ဖော်ပြထားသည်။

စားအုန်းဆီအဝယ်များပြားလာစေရန် ဈေးနှုန်းများလျှော့ချလာခဲ့မှုကြောင့် အိန္ဒိယနိုင်ငံ၏ စားအုန်းဆီတင်သွင်းမှုသည် ဇွန်လတွင် ၅၆ ရာခိုင်နှုန်းဖြင့် သုံးလဆက်တိုက်အတွင်း မြင့်တက်လာခဲ့ကြောင်း ဦးဆောင်ကုန်သွယ်ရေးအဖွဲ့က ဇူလိုင် ၁၄ ရက်နေ့တွင် ထုတ်ပြန်ပြောကြားလာခဲ့မှု ကို The Edge Malaysia သတင်းဌာနက ဖော်ပြထားသည်။

၂၀၁၅ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် ဖြစ်ပေါ်ခဲ့သော အယ်လ်နီညိုရာသီဥတုဖြစ်စဉ်နည်းတူ ယခုနှစ်တွင်ဖြစ်ပေါ်သည့် အယ်လ်နီညိုဖြစ်စဉ်က ရာသီဥတုဆိုးကျိုးသက်ရောက်မှု ဖြစ်စေနိုင်ကြောင်း ထိုင်းနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက ခန့်မှန်းထားပါသည်။ Kiatnakin Phatra Bank ကလည်း အယ်လ်နီညိုဖြစ်ပေါ်မှုက လာမည့် ၂၀၂၄ ခုနှစ်အထိ ရာသီဥတုပြင်းထန်မှု ဖြစ်ပေါ်စေပြီး ဆိုးကျိုးသက်ရောက်မှုဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းလျက်ရှိသည်။
