ကုန်သွယ်မှုသတင်းများ
ယခုမိုးဦးကာလတွင် ပြည်မြို့နယ်၊ ဂန္ဓမာစက်မှုဇုန်အတွင်းရှိ ကြံတောကုန်းရပ်ကွက်တွင် ခြံစိုက်တောင်သူများအနေဖြင့် စိန်ခြယ်ပန်းများ စတင်စိုက်ပျိုးနေပြီဖြစ်ပါသည်။ စိန်ခြယ်ပန်းသည် ဘုရားပန်း၊ နတ်ပန်းများနှင့် အလှူမင်္ဂလာဆောင်အခမ်းအနားများတွင် အသုံးပြုကြသောပန်းများ ဖြစ်ပါသည်။ စိန်ခြယ်ပန်း တစ်ဧကစိုက်ပျိုးရာတွင် မျိုးစေ့တစ်ပုလင်းလျှင် (၇၀၀၀)ကျပ်နှုန်း ဝယ်ယူစိုက်ပျိုးကြပြီး ဇူလိုင်လပထမပတ်တွင် စတင်စိုက်ပျိုးပြီး ဇူလိုင်လကုန်တွင် အပွင့်များ စတင်ပွင့်ကာ ဩဂုတ်၊ စက်တင်ဘာလတို့တွင် ရောင်းတန်
ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံရောင်းဝယ်လျက်ရှိရာ မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲဈေးမှာ အပြောင်းအလဲရှိပြီး ဘိုကိတ်ပဲ၊ စားတော်ပဲ၊ ပဲကြီး ဈေးမှာ အပြောင်းအလဲနည်းသည်ကို တွေ့ရပါသည်။
မတ်ပဲ
ဇူလိုင်လပထမပတ်တွင် မတ်ပဲတစ်တင်းကို (၇၄၅၀၀-၇၅၀၀၀)ကျပ်ဖြင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ် (၂၅၀)ခန့်ရှိပါသည်။ ဇူလိုင်လဒုတိယပတ်တွင် မတ်ပဲဈေးကျပြီး ပဲတစ်တင်းကို (၇၂၅၀၀-၇၃၀၀၀)ကျပ်ဖြင့် ဈေးကျခဲ့ပြီး ရန်ကုန်တင်ပို့မှုရှိခဲ့ပါသည်။
ပြည်အနီးအနားတွင် ဇောင်လျားပင်များ အများအပြားတွေ့ရှိရပါသည်။ ဇောင်းလျားပင်တွင် အချိုသီးနှင့် အချဉ်သီးဟူ၍ နှစ်မျိုးရှိပါသည်။ ဇောင်းလျားသီးသည် ဆေးဖက်ဝင်သောသီးနှံတစ်မျိုးဖြစ်ပြီး ဗီတာမင်အေ၊ သတ္တုဓါတ်တို့များစွာ ပါဝင်ပါသည်။ ဇောင်လျားသီးကို သကြားနှင့် စားပေးခြင်းဖြင့် အစာမကြေဖြစ်ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းမှ ကင်းဝေးစေပါသည်။ ဟင်းချက်၍လည်းစားသုံးနိုင်ပြီး ငါးပြေမနှင့်ချက်၍စားသုံးလျှင် ကျောက်ကပ်တွင် ကျောက်တည်ခြင်းကို သက်သာစေပါသည်။ ဇောင်လျားသီးအချိုသီးကို ယိုထိုး၍စားသုံးနိုင်က
နဂါးမောက်သီးမှာ အဓိကမျိုးစိတ် (၃)မျိုးရှိပါသည်။ အနီရောင်အခွံနှင့် အဖြူရောင်အသား၊ အနီရောင်အခွံနှင့် အနီရောင်အသား၊ အဝါရောင်အခွံနှင့် အဖြူရောင်အသားတို့ဖြစ်ပါသည်။ ယခု ဈေးကွက်အတွင်းတွင် အများဆုံးရောင်းဝယ်စားသုံးနေကြသည့် အသီးမျိုးများမှာ အဖြူရောင်အသားမျိုးနှင့် အနီရောင်အသားမျိုး(၂)မျိုးသာ တွင်တွင်ကျယ်ကျယ် ရောင်းဝယ်စားသုံးကြပါသည်။ နဂါး မောက်သီးသည် ရေဓါတ်၊ အမျှင်ဓါတ် များစွာပါဝင်သော အသီးအမျိုးအစားဖြစ်ပြီး ဆေးဖက်ဝင် ဓာတ်ပစ္စည်းများလည်း ကြွယ်ဝစွာပါဝင်ပါသည်။ ပြည်တွင်းဈေးကွက်တွင် ဇ
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးအဆင့်အတန်းများကို (SMEs) အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများအပေါ် အစိုးရ၏အားပေးကူညီမှုနှင့် ယင်းတို့၏ဖွံ့ဖြိုးတိုးတက်မှုအပေါ်ကြည့်လျှင် သိ နိုင်ပါသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ၏ အခန်းကဏ္ဍသည်လည်း များစွာအရေးပါပါသည်။ မြန်မာတစ်နိုင်ငံလုံးတွင်ရှိသော စီးပွားရေးလုပ်ငန်းများ၏ (၉၀) ရာခိုင်နှုန်းကျော်သည် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း ကဏ္ဍများဖြစ်နေရာ ယင်းတို့၏ တိုတက်မှု၊ ဆ
