ကုန်သွယ်မှုသတင်းများ
သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ မေလ၊ နောက်ဆုံးအပတ်ထိ ချင်းတစ်ပိဿာလျှင် ၅၀၀၀ကျပ်သာရှိခဲ့သော်လည်း ဇွန်လဆန်းမှ ဇွန်လ၊ တတိယအပတ်ထိ ချင်းတစ်ပိဿာလျှင် ၁၀၀၀၀/-ကျပ်ဖြစ်၍ ဈေးနှုန်း ၂ဆခန့်မြင့်တက်လာကြောင်း ဈေးကွက်အတွင်းရှိ ကုန်စုံဆိုင်များမှသိရှိရပါသည်။ မင်းလှမြို့နယ်ရှိ ချင်းဈေးကွက်အခြေအနေမှာ ဇွန်လ၊ နောက်ဆုံးအပတ်နှင့် ဇူလိုင်လ၊ ပထမအပတ်တို့တွင် ဈေးနှုန်းမှာ တစ်ပိဿာလျှင် ၂၀၀/-ကျပ်ခန့် အနည်းငယ်စီမြင့်တက်နေကြောင်းသိရှိရပါသည်။

၁၄.၇.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည
ညောင်လေးပင်မြို့၊ စည်ပင်သာယာမြို့မဈေး၌ ရောင်းချလျက်ရှိသော ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ရွှေဖရုံသီး၊ ရွှေပဲသီး၊ ဗိုလ်စားပဲ၊ မုန်လာဥနီ၊ မုန်ညှင်း၊ ခရမ်းချဉ်သီးနှင့် အာလူးသီးနှံများမှာ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှဝင်ရောက်ကြောင်း သိရှိရသည်။

သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၏ နေ့စဉ် ရောင်းချနေသည့် ကုန်ပစ္စည်းဈေးနှုန်းများမှာ (၄-၇-၂၀၂၃) ရက်နေ့တွင် ဆန်တစ်ပြည်လျှင် ၂၈၀၀ကျပ်ဈေးနှုန်းဖြင့် ဆန် (၆) အိတ်၊ ဆီတစ်ပိဿာလျှင် ၅၀၀၀ကျပ်နှုန်းဖြင့် ဆီပိဿာချိန် ၆၀ပိဿာ၊ ကြက်ဥတစ်လုံးလျှင် ၂၃၀ကျပ်နှုန်းဖြင့် ကြက်ဥ ၄၀၀လုံး၊ ကြက်သားတစ်ပိဿာလျှင် ၈၀၀၀ကျပ်နှုန်းဖြင့် ပိဿာချိန် ၃၀ပိဿာ၊ ဝက်သားတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်နှုန်းဖြင့် ဝက်သားပိဿာချိန် ၅၀ပိဿာ၊ ငါးတစ်ပိဿာလျှင် ၄၅၀၀ကျပ်ဈေးနှုန်းဖြင့် ငါးပိဿ

ပခုက္ကူကုန်စည်ဒိုင်တွင် ပခုက္ကူဒေသမှ စိုက်ပျိုးထွက်ရှိသော ပဲစဉ်းငုံနီ၊ ကုလားပဲ၊ မတ်ပဲ၊ ပဲယင်း၊ စွန်တာနီ၊ ပဲလွန်းပြာနှင့် အခြားပဲမျိုးစုံများ အရောင်းအဝယ်ဖြစ်နေပါသည်။ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(ပထမပတ်)တွင် ပဲဈေးနှုန်းများမှာ ပဲစဉ်းငုံနီ တစ်တင်းလျှင် ကျပ်(၉၈၀၀၀-၉၈၈၀-၁၀၀၁၀၀)၊ ကုလားပဲဝါ လုံးကြီး(929) တစ်တင်းလျှင် ကျပ်(၈၂၅၀၀)၊ ကုလားပဲဖြူလုံး (V2/V6) တစ်တင်းလျှင် ကျပ်(၈၃၆၀၀-၈၄၃၀၀)၊ ပဲတီစိမ်းကြီးမှာ အရည်အသွေးပေါ်မူတည်ပြီး တစ်တင်းလျှင် ကျပ်(၄၇၀၀၀-၅၄၀၀၀)၊ ပဲဇီးကွက် တစ်တင်းလျှင် ကျပ်(