ကုန်သွယ်မှုသတင်းများ
တောင်ငူမြို့တွင် ကြံနှစ်ကောင်(နီ)အမှတ်တံဆိပ် ဘိလပ်မြေမှာ ၂၀၂၃ခုနှစ်၊ ဇွန်လဆန်းတွင် တစ်အိတ်လျှင် ၉၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဇူလိုင်လဆန်းတွင် တစ်အိတ်လျှင် ၈၈၀၀ကျပ်ဖြစ်၍ ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး အခြားဘိလပ်မြေဈေးနှုန်းများမြင့်တက်လျက်ရှိပါသည်။

တောင်ငူမြို့ရှိ ဓာတ်မြေဩဇာဆိုင်များတွင် မြင်းပျံ၊ CP၊ MC အမှတ်တံဆိပ် ယူရီးယား(လုံးကြီး)ဓာတ်မြေဩဇာများနှင့် အာမိုအမှတ်တံဆိပ် ယူရီးယား(လုံးသေး)ဓာတ်မြေဩဇာများမှာ ၂၀၂၃ုခုနှစ်၊ ဇွန်လဆန်းတွင် တစ်အိတ်လျှင် ၈၆၅၀၀ကျပ်ရှိခဲ့ရာမှ ယခုဇူလိုင်လဆန်းတွင် ၈၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းဆက်လက်ကျဆင်းပြီး ဩဘာအမှတ်တံဆိပ် ယူရီးယားလုံးသေးဓာတ်မြေဩဇာမှာ ဇွန်လဆန်းတွင် တစ်အိတ်လျှင် ၇၅၅၀၀ကျပ်မှ ယခုလဆန်းတွင် တစ်အိတ်လျှင် ၈၀၀၀၀ကျပ်ဖြစ်၍ ဈေးနှုန်းအနည်းငယ်မြင့်တက်နေပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။
တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။
၁၃.၇.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါ