ကုန်သွယ်မှုသတင်းများ
၁၂.၇.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ပြည်သူများကို စျေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များဝယ်ယူနိုင်ရန်ရည်ရွယ်၍ (၆-၇-၂၀၂၃) ရက်နေ့၊ နံနက် (၀၇:၀၀) နာရီအချိန်တွင် အမှတ် (၇) ရပ်ကွက်၊ မြို့နယ်အားကစားကွင်း၌ ချောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများက အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥ၊ အမဲသား၊ ဝက်သားနှင့် ဟင်းသီးဟင်းရွက်များကို စျေးနှုန်းချိုသာစွာပြည်သူများ လက်ဝယ်အရောက် ဖြန့်ဖ

မကွေးမြို့၊ ကန်သာဈေး၌ မကွေးမြို့နယ်၊ ချောင်းဖြူကျေးရွာ၊ မြင်းကင်းကျေးရွာ၊ မင်းဘူးမြို့နယ်(ကျောက်တန်းကျေးရွာ)၊ စလင်း(ဆင်ဖြူကျွန်း)၊ တောင်တွင်းကြီးနှင့် အောင်ပန်းဘက်တို့မှ ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချလျက်ရှိကြောင်း သိရပါသည်။

မုံရွာမြို့ သီရိရတနာစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ သီပေါ၊ စစ်ကိုင်း၊ ပြင်ဦးလွင်နှင့် ဒေသတွင်းတို့မှ အသီးသီးဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။

မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌ ရောင်းချနေသော ပုဇွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်ကြောင်းသိရပါသည်။ ပုဇွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့် ဒေသအပေါ် မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ကွာခြားလျက်ရှိပါသည်။