ကုန်သွယ်မှုသတင်းများ
မုံရွာမြို့တဖက်ကမ်း ဆားလင်းကြီးမြို့နယ်ရှိ လက်ပန်တောင်းအုပ်စု ၊ တုံအုပ်စုနှင့် ထန်းဇင် အုပ်စုရှိကျေးရွာမှာ နှစ်စဥ်ဆောင်ကြက်သွန်နီကို အဓိကထားစိုက်ပျိုးကြသည့်ဒေသများဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ ယခုနှစ် ရာသီကုန်ခါနီးလက်ကျန် ကြက်သွန်နီများ ဈေးကောင်းရရှိနေပြီး ဒေသတွင်းဈေးကွက်လက်ကျန်မှလည်း တဖြေးဖြေးလျော့နည်းလာသည့်အတွက် လာမည့်မိုးကြက်သွန် ပေါ်ချိန်ဈေးကောင်းရနိုင်မည့်မျှော်လင့်ချက်ဖြင့် ယခင်နှစ်ကထက် ပိုမိုစိုက်ပျိုးလာကြောင်း ဒေသခံတောင်သူများထံမှသိရှိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယခင်အပတ်တွင် ဓာတ်မြေသြဇာအမျိုးအစားများဖြစ်သည့် ယူရီးယား(ပန်းဖူး(တရုတ်))တစ်အိတ် (၉၇၀၀၀)ကျပ်၊ တီစူပါ၄၆% (သံကွင်း(တရုတ်))တစ်အိတ် (၇၀၀၀၀)ကျပ်၊ ကျွဲနက်၁၅း၁၅း၁၅ တစ်အိတ် (၉၇၀၀၀)ကျပ်၊ နိုက်ထိုဖောစကာ (သြဘာ) တစ်အိတ် (၁၀၀၀၀၀)၊ ပန်းဖူး(မြန်မာ့သြဘာ) တစ်အိတ် (၉၇၀၀၀)ကျပ်၊ MC(ကွန်ပေါင်း) တစ်အိတ် (၈၆၀၀၀)ကျပ်၊ ဇာမဏီ( ကွန်ပေါင်း) တစ်အိတ် (၆၁၀၀၀)ကျပ် ဖြင့်အရောင်းအဝယ်ရှိခဲ့ပြီး၊ ပိုးသတ် ဆေးအမျိုးအစားများဖြစ်သည့် ဆိုင်ကလုံး (မြန်မာ့သြဘာ) တစ်ဗူး (၅၅၀၀)ကျပ်
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၅.၈.၂၀၂၂)နေ့ နံနက်ပိုင်းတွင် ပေါင်းတည်မြို့နယ်အတွင်းရှိ ပေါက်တန်းအုပ်စု၊ ပေါက်တန်း ကျေးရွာသို့ သွားရောက်၍ ကျောက်စိမ်းငရုတ်စိုစိုက်ပျိုးသူ တောင်သူနှင့် တွေ့ဆုံ၍ ငရုတ်စိုစိုက်ပျိုး ထုတ်လုပ်မှုနှင့် တစ်ဧကကုန်ကျစရိတ်၊ ဈေးနှုန်းဈေးကွက်အခြေအနေများအား သိရှိနိုင်ပါရန် တွေ့ဆုံ ဆွေးနွေးမေးမြန်းခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် ဩဂုတ်လတွင် မိုးမြေပဲများ စတင်ထွက် ပေါ်နေပြီဖြစ်သဖြင့် မိုးမြေပဲစိုက်ပျိုးထွက်ရှိမှု၊ အကျိုးအမြတ်နှင့် ဈေးနှုန်းဈေးကွက် အခြေအနေတို့အား သိရှိနိုင်ရန် ရွှေတောင်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ကွင်းဆင်းဆွေးနွေး လေ့လာခဲ့ပါသည်။
ပြည်ကုန်စည်ဒိုင်တွင် ပဲဈေးများ တက်လျှက်ရှိပြီး ယခင်နှစ်ဈေးနှင့်နှိုင်းယှဉ်လျှင် ယခုနှစ်ပဲဈေးမှာ တက်နေကြောင်းသိရပြီး ပြည်ပတင်ပို့လျှက်ရှိသော မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ ကုလားပဲဈေးမှာ တက်လျှက်ရှိပါသည်။ မြို့တွင်းအဝယ်ရှိသော စားတော်ပဲ၊ ဘိုကိတ်ပဲ၊ ပဲကြီးဈေးများမှာလည်း ဈေးတက်လျှက်ရှိပါသည်။