Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
10 Jul 2023

     ပြည်မြို့ရှိ ပန်းဈေးကွက်တွင် ပေါ်ဦးပေါ်ဖျား ပန်းတိမ်ငိုပန်းများ ရောင်းချနေပြီဖြစ်ပါသည်။ ပန်းတိမ်ငိုပန်းကို တောင်ကြီးမှလာသော နှစ်ထပ်ပန်းနှင့် ပြည်မြို့ စက်မှုကွက်သစ်အတွင်းရှိ သန္ဓေပင် ရပ်ကွက်တွင် စိုက်ပျိုးသော တစ်ထပ်ပန်းဟူ၍ နှစ်မျိုးစလုံးကို ဈေးကွက်တွင် ရောင်းချနေပြီဖြစ်ပါသည်။ ပန်း၏အရောင်မှာအဖြူရောင်၊ ခရမ်းရောင်၊ ပန်းရောင်စသည်ဖြင့် ရှိပါသည်။ ပန်းတိမ်ငိုပန်းသည် စိုက်ပျိုးရလွယ်ကူသောပန်းတစ်မျိုးဖြစ်ပါသည်။ ပန်းတိမ်ငိုပန်းကို ဥများဖြင့် သော်လည်းကောင်း၊ အကိုင်းကို မြေထဲသို့ထိ

10 Jul 2023

    နာနတ်ပင်ကို စားသုံးပင်အနေဖြင့် စိုက်ပျိုးပြီး နှစ်ရှည်ခံ အပင်ပျော့မျိုးဖြစ်သည့်အတွက် အရွက်မှာ ရှည်လျားပြီး ရွက်ထိပ်မှာ ဆူးချွန်ပုံစံရှိပါသည်။ နာနတ်သီးမှာ အစိမ်းရောင်ရှိပြီး မှည့်ပါက လိမ္မော်ရောင်သို့ ပြောင်းသွားပါသည်။ နာနတ်သီးမှာ အင်ဇိုင်းအပြင် ဗီတာမင်စီ၊ ဗီတာမင်အေနှင့် အင်တီအောက်ဆီးဒင့်တွေ ကြွယ်ဝစွာပါဝင်၍ ကိုယ်ခံအားကို ကောင်းစေပြီး မျက်စိအမြင် အာရုံကိုလည်း အထောက်အကူပြုကာ အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှု မဖြစ်အောင်လည်း ကာကွယ်ပေးပါသည်။

10 Jul 2023

    ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီးနှင့် ဘိုကိတ်ပဲများ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

မတ်ပဲ

   ပြည်ကုန်စည်ဒိုင်တွင် ၂၀၂၃ခုနှစ်၊ဇွန်လတတိယပတ်တွင် မတ်ပဲတစ်တင်းဈေးမှာ (၈၀၀၀၀-၈၀၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။  ဇွန်လစတုတ္ထပတ်မှာ မတ်ပဲဈေးကျလာပြီး တစ်တင်း ကို (၇၆၀၀၀-၇၆၅၀၀)ကျပ်ဖြင့် ဈေးကျလာခဲ့ပါသည်။ အရောင်းအဝယ်ဖြစ်မှုမှာ တစ်ရက်ကိုအိတ် (၂၀၀/၃၀၀)ခန့် ရန်ကုန်အဝယ် အဝယ်ရှိခဲ့ပါသည်။

10 Jul 2023

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် နွေစပါးစိုက်ဧက (၃၀၇၃၀) စိုက်ပျိုးရိတ်သိမ်းပြီးဖြစ်ပါသည်။ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၈၀.၂)တင်း ထွက်ရှိကြောင်း သိရပါသည်။ ယခင်နှစ်နွေစပါးပေါ်စအချိန်တွင် စပါးဈေးမှာ (၄၆)ပေါင် တင်း(၁၀၀) လျှင် (၈၂၀၀၀၀) ကျပ် ၊ ဆန်တစ်အိတ်လျှင် (၂၉၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခုနှစ် တွင် နွေစပါးပေါ်စအချိန် ဈေးမှာ(၄၆)ပေါင် တင်း(၁၀၀)ဈေးမှာ (၁၄၇၀၀၀၀)ကျပ် နှင့် ဆန်တစ်အိတ်လျှင် (၅၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခု

10 Jul 2023

    ငါးဖယ်အောင်(ခေါ်) ငါးဖမ်းမငါးများသည် ငါးသိုင်းမျိုးတွင်ပါဝင်ပြီး ငါးအလတ်စားမျိုး ဖြစ်ပါသည်။ ထိုငါးများကို ဆားဖြင့်နယ်ပြီး ငါးဆားနယ်(ခေါ်) ငါးပိကောင်ပြုလုပ်၍ ရောင်းချကြပါသည်။ ငါးဖမ်းမ(ခေါ်) ငါးဖယ်အောင်းငါးကို လူကြိုက်များသဖြင့် ကြော်၍လည်းကောင်း၊ ချက်၍လည်းကောင်း၊ ကင်၍လည်းကောင်း စားသုံးကြပါသည်။ ပြည်မြို့ရှိဈေးများတွင် ငါးဖမ်းမ ငါးပိကောင်များကို ရောင်းချလျက်ရှိရာ  တစ်ပိဿာလျှင် (၁၃၀၀၀-၁၄၀၀၀)ကျပ်ဖြင့် ရောင်းချသလို အကောင်ချောပါက တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိ

Pages