Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
31 May 2022

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ထန်းသီးများ စတင်ပေါ်လာပြီဖြစ်ရာ ဈေးကောင်းရရှိလျက်ရှိကြောင်း ထန်းသီးတင်ပို့ရောင်းချနေသူများထံမှ သိရှိရပါသည်။ ထန်းသီးတစ်လုံး လျှင်(၈၀ကျပ်မှ၁၀၀ကျပ်အထိ) ထန်းသီးအလုံး အကြီး/အသေးမျှပြီးအခိုင်လိုက်ဈေးပေး၍ ရောင်းချရ ကြောင်း၊ တစ်နေ့လျှင် ထန်းသီးအခိုင် (၃၀၀)မှ အလုံးအရေအတွက်အားဖြင့် (၅၀၀၀) လုံးခန့် ရရှိပြီး ရန်ကုန်တိုင်းဒေသကြီးသို့ အဓိကထား တင်ပို့ရောင်းချကြောင်းသိရှိရပါသည်။ဈေးကွက်တွင် ထန်းသီးတစ်လုံးလျှင်(၁၅၀/)ကျပ်ဖြင့် ရ

31 May 2022

              ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊ သာယာဝတီခရိုင် ၊ နတ်တလင်းမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၈.၅.၂၀၂၂) ရက်နေ့တွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ရည်ရွယ်၍ ယောကျ်ားကြီး ငါးငပိလုပ်ငန်းရှင်နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

31 May 2022

           ပဲခူးတိုင်းဒေသကြီး၊ပြည်ဈေးကွက်သို့ ရှမ်းပြည်ဘက်မှ ရှမ်းအာလူးနှင့် မန္တလေးဘက်မှ တရုတ်အာလူးများ မေလတတိယပတ်အတွင်း အိတ် ၁၀၀-၁၅၀ ခန့်သာ အဝင်ရှိကြောင်း သိရှိရပါသည်။ အရောင်း အဝယ်အနေဖြင့် ပြည်ခရိုင်ရှိ မြို့နယ်များမှ ဝယ်ယူသူများ၊ ပြည်မြို့ပေါ်ရှိ လုပ်ငန်းရှင်များနှင့် လက်လီဝယ်ယူသူများဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

31 May 2022

ပို့ကုန်လိုင်စင်လျှောက်ထားရန်လိုအပ်သောကုန်စည်စာရင်းသတ်မှတ်

30 May 2022

          စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (25.5.2022) ရက်နေ့တွင် ကျောက်မဲမြို့၊ ရပ်ကွက်(7)၊ မြောက်ကုန်းရပ်ရှိ ရောင်းအားကောင်းနေသော "ရွက်နုဝေ” အမှတ်တံဆိပ် အာလူးကြော်နှင့် အသားတုကြော်လုပ်ငန်းသို့ သွားရောက်၍ စားသောက်ကုန်လုပ်ငန်းရှင်ဖြစ်သည့် မပိုးအိမ်စည်နှင့် တွေ့ဆုံပြီး ထုတ်လုပ်ရောင်းချ နေမှုများကို လေ့လာကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

Pages