ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်ရိုးကိုင်းမြေနုများပေါ်တွင် ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ထနောင်းတော၊ နဂါးတွင်းကျေးရွာတို့မှ တောင်သူများသည် ဥယျာဉ်ခြံလုပ်ငန်းနှင့် ရာသီပေါ်သီးနှံစိုက်ပျိုးလျက်ရှိရာ ဆူးပုပ်စိုက်ပျိုးခြင်းမှ မိသားစုအပိုဝင်ငွေရရှိနေကြောင်း ဆူးပုပ်စိုက်တောင်သူများထံမှ သိရသည်။
၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ ပထမအပတ်အတွင်း မိတ္ထီလာမြို့နယ်တွင် အခြေခံစားသောက်ကုန်များဖြစ်သော စိုက်ပျိုးရေးထွက်ကုန်များဖြစ်သည့် ရွှေဘိုပေါ်ဆန်းအသစ်တစ်ပြည်လျှင် ၄၅၀၀ကျပ်နှင့် အဟောင်းတစ်ပြည်လျှင် ၅၀၀၀ကျပ်၊ ဧည့်မထတစ်ပြည်လျှင် ၃၂၀၀ကျပ်နှင့် ငစိန်တစ်ပြည်လျှင် ၂၆၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီတစ်ပိဿာလျှင် ၇၂၀၀ကျပ်၊ မြေပဲဆီတစ်ပိသာလျှင် ၁၄၀၀၀ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီလက်လီတစ်ပိဿာလျှင် ၂၂၀၀ကျပ်၊ ကြက်သွန်ဖြူ

မိတ္ထီလာခရိုင်အတွင်း စပါးကို မိတ္ထီလာ၊ ဝမ်းတွင်း၊ မလှိုင်၊ သာစည်(၄) မြို့နယ်လုံးတွင် စိုက်ပျိုးကြပြီး မနောသုခစပါးနှင့် ဧရာပဒေသာစပါးကို အဓိကစိုက်ပျိုးကြပါသည်။ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ လဆန်းပိုင်းတွင် စျေးကွက်ဖြစ်ပေါ်နေသော စပါး/ဆန်စျေးနှုန်းများမှာ မနောသုခစပါးတင်း (၁၀၀) လျှင် ၂၄၀၀၀၀၀ကျပ်၊ ဧရာပဒေသာစပါးတင်း (၁၀၀) လျှင် ၂၇၀၀၀၀၀ကျပ်နှင့် မနောသုခ (ဟောင်း) ဆန်တစ်အိတ်လျှင် ၈၅၀၀၀ကျပ်၊ ဧရာပဒေသာဆန်အဟောင်းတစ်အိတ်လျှင် ၉၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်နှစ်တွင် မနောသုခစပ
မိတ္ထီလာစျေးကွက်အတွင်း ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ ပထမအပတ်တွင်ဖြစ်ပေါ်နေသော အခြေခံစားကုန်များအနက် ရွှေဘိုပေါ်ဆန်းမှာ တစ်အိတ်လျှင် ၁၀၅၀၀၀ကျပ်ဖြင့်လည်းကောင်း၊ မဂျမ်းတောဆန်မှာ တစ်အိတ်လျှင် ၈၅၀၀၀ကျပ်ဖြင့်လည်းကောင်းစျေးငြိမ်နေပြီး ဒေသတွင်းစားသုံးမှုများသော မနောသုခဆန်မှာ တစ်အိတ်လျှင် ယခင်အပတ်တွင် ၇၅၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် ၈၀၀၀၀ကျပ်အထိစျေးမြင့်လာခဲ့ပါသည်။ မန္တလေးတိုင်းဒေသကြီးအနေနှင့် နွေစပါးမှာ စိုက်ပျိုးချိန်နောက်ကျသကဲ့သို့ ထွက်ရှိမှုတွင်လည်း နောက်ကျလေ့ရှိပါသည်။ ဒေသတွင်းရှိသေ
ပွင့်လင်းရာသီ ရာဘာအစေးခြစ်ကာလကုန်ဆုံးပြီးနောက် ရာဘာစိုက်ပျိုးတောင်သူများအနေဖြင့် မြေပြုပြင်ခြင်း၊ ခြံရှင်း/ခြုံခုတ်နှင့် အပင်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း ကရင်ပြည်နယ်အတွင်း ရာဘာထွက်ရှိမှုနှုန်းလျော့ကျခဲ့ပြီး RSS 3 ရာဘာ ၁ပေါင်လျှင် ၁၅၀၀ ကျပ်ထိ လက်ရှိဈေးကွက်ပေါက်ဈေး ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
