ကုန်သွယ်မှုသတင်းများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ၂၀၂၃ခုနှစ်၊ဇူလိုင်လ(ပထမပတ်)အတွင်း အရောင်းအဝယ်ဖြစ်သည့်သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ရာ နွေနှမ်းမှာ မေလ(စတုတ္ထပတ်)မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်လာပြီး ဇူလိုင်လ(ပထမပတ်)အ

၂၀၂၃ ခုနှစ် ဇူလိုင်လ (ပထမအပတ်)အတွင်း မုံရွာမြို့နယ်အတွင်း အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် (၄၃၀၀) ကျပ်၊ ဧရာမင်းဆန်တစ်ပြည် (၄၁၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင် (၇၁၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၃၅၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီတစ်ပိဿာလျှင် (၂၀၀၀) ကျပ်မှ (၂၂၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ လက်လီ (ဗမာ) တစ်ပိဿာလျှင် (၇၅၀၀) ကျပ်မှ (၈၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း
တောင်ငူမြို့ရှိ အခြေခံလူတန်းစားများ စားအုန်းဆီများကို သက်သာသောနှုန်းထားဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် ပဲခူးခရိုင်ဆီကုန်သည်များအသင်းမှ ဆီအရောင်းဈေးကားသည် တောင်ငူမြို့သို့ လာရောက်ရောင်းချပေးလျက်ရှိရာ ယခုအပတ်တွင်လည်း ၎င်းဈေးကားသည် စာအုန်းဆီတစ်ပိဿာလျှင် ၅၀၀၀ကျပ်နှုန်းဖြင့် အခြေခံလူတန်းစားများနေထိုင်ရာရပ်ကွက်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို ၁၁၀၀ပိဿာရောင်းချပေးခဲ့ပါသည်။

တောင်ငူခရိုင်၊ ရေတာရှည်မြို့ရှိ အခြေခံလူတန်းစားများ အခြေခံစားကုန်များကို သက်သာသောနှုန်းထားဖြင့်ဝယ်ယူနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကိုယ်တိုင်စိုက်ပျိုး/မွေးမြူထုတ်လုပ်သူများအတွက် တိုက်ရိုက်အရောင်းဆိုင်များကို ရေတာရှည်မြို့၊ စည်ပင်သာယာဈေးကြီး၏ အနောက်ဘက်ရှိ လမ်းမပေါ်တွင် ၂၀၂၃ခုနှစ်၊ ဇွန်လ ၂၁ရက်နေ့မှစတင်၍ ဖွင့်လှစ်ရောင်းချခဲ့ပါသည်။

တောင်ငူမြို့တွင် ပြင်ဦးလွင်ဒေသမှ ပန်းထိမ်ငိုပန်းများဝင်ရောက်လာပြီဖြစ်ပါသည်။ တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ ဘုရားပန်းဆိုင်များတွင် ယခုအချိန်တွင် အခြားဘုရားပန်းများနှင့်အတူ ပန်းထိမ်ငိုပန်းများကိုလည်းရောင်းချလျက်ရှိပါသည်။
၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ ပထမအပတ်တွင် ဝင်ရောက်လာသောပန်းများမှာ စတင်ပွင့်သည့်ကာလဖြစ်သဖြင့် အပွင့်ကြီးပါသည်။ ကာလကြာလာလျှင် အပွင့်များသေးသွားကြောင်းသိရပါသည်။ ၁၀ပွင့်ပါ ပန်းထိမ်ငိုပန်းတစ်စည်းလျှင် ကျပ် ၂၀၀၀ ကျပ်ဖြင့်ရောင်းချပါသည်။
