ကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ပြည်ပဲမျိုးစုံဈေးကွက်မှာ ပြည်ပဝယ်လက်ပဲအချို့ ဈေးလျော့ကျသွားသော်လည်း ပြည်တွင်းစားသုံးမှုများသော ပြည်တွင်းဝယ်လက်သမားများ အဓိကဝယ်ယူသော ပဲများမှာ ဈေးနှုန်းများ မြင့်တက်လာခဲ့ပါသည်။ အဆိုပါပဲများထဲမှ ပဲနီပြားသီးနှံသည် ယခုနှစ်မှာ ဈေးကောင်းဝင်ပဲသီးနှံထဲပါဝင်နေပြီး ယခုလအတွင်း ပိဿာ (၂၀)တစ်တင်း ကျပ် ၈ သောင်းကျော်အထိ ရရှိခဲ့ပါသည်။ ဇွန်လလယ်တွင် တစ်တင်း ၈၂၀၀၀ ကျပ်ဈေးဖြင့် ရောင်းဝယ်ခဲ့ရာမှ ယခုတစ်ပတ်မှာတော့ တစ်တင်း ကျပ် ၅ ထောင်ကျော်မြင့်တက်လာသည့်အတွက် တစ်တင်း ၈၇၀၀၀ က

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်ဈေးကွက်အတွင်းတွင် ပြည်မြို့အနီး ပတ်ဝန်းကျင်ဒေသများဖြစ်သော မှော်ဇာ၊ တောင်လုံးညို၊ ဆင်မြီးဆွဲစတဲ့ ကျေးရွာများတွင် စိုက်ပျိုးလျက်ရှိသည့် ကြက်သွန်နီများအနေဖြင့် မတ်လတတိယပတ်မှစ၍ ထွက်ရှိလာခဲ့သည့်အတွက် ယခုဇွန်လကုန်တွင် ဈေးကွက်အတွင်းလက်ကျန်နည်းလာကာ အရည်အသွေးမှာလည်း အနည်းငယ်ကျဆင်းလာပြီး ဒေသထွက်ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၂၀၀၀)ဖြင့် မြို့ပေါ်ဈေးများတွင် လူကိုယ်တိုင် တိုက်ရိုက်ရောင်းချ၍သော်လည်းကောင်း၊ Online မှတစ်ဆင့် ရောင်းချ၍သော်လည်းကေ
ပျဉ်းတော်သိမ်ပင်သည် အလေ့ကျပေါက်ရောက်သော သဘာဝပေါက်ပင်တစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံအောက်ပိုင်း နေရာအများအပြားတွင် တွေ့နိုင်ပါသည်။ အချို့နေရာများတွင် အလေ့ကျမဟုတ်ဘဲ အသီးကိုပျိုး၍ စိုက်ပျိုးနိုင်ပြီး တစ်နှစ်ပတ်လုံးဖြစ်ထွန်းသော အပင်မျိုးဖြစ်ပါသည်။ ပျဉ်းတော်သိမ်အပင်ဖြစ်ပေါ်လာပုံမှာ ရှေးမြန်မာဘုရင်များလက်ထက်က မင်းညီမင်းသားများ အရက်သောက်ပြီး အသည်းကျွမ်း၍ ရေဖျဉ်းရောဂါစွဲကပ်သည့်အခါ နန်းတွင်းသမားတော်များက ပျဉ်းတော်သိမ်နှင့်ကုသကြပါသည်။ ကုသရင်း ဖျဉ်းတော်သိမ်သွားရာမှ ကာလရွေ့လျား၍ ပျ

ကျောက်ဖရုံသီးသည် ကျန်းမာရေးအတွက် တန်ဖိုးရှိသောအသီးအနှံဖြစ်ပါသည်။ အထူးသဖြင့် ဆီးနှင့်ကျောက်ကပ်အတွက် အလွန်ကောင်းမွန်ပါသည်။ အရွက်၊ အညွှန့်၊ အသီး သုံးမျိုးလုံး စားလို့ကောင်းသော အသီးဖြစ်ပါသည်။ ဟင်းချက်၍ စားသုံးကြသလို ကျောက်ဖရုံသီးရင့်ရင့်ကို နှစ်ချို့အဖြစ်ထားရှိပြီး ကျောက်ဖရုံသီးကို သကြားဖြင့်ယိုထိုးပြီး စားသုံးကြသည့်အတွက် ကျောက်ဖရုံယိုထုတ်လုပ်သူလုပ်ငန်းရှင်များမှလည်း ဝယ်ယူကြကြောင်း သိရပါသည်။ ကျောက်ဖရုံပင်ကို စင်ထိုး၍ စီးပွားဖြစ် စိုက်ပျိုးနိုင်သည့်အပြင် နေရာဒေသမရွေး အလေ့ကျပ

ပြည်ပဲဈေးကွက်မှာ ပဲသစ်ဝင်ရောက်ခြင်းမရှိဘဲ လက်ကျန်ပဲများဖြင့်သာ ရောင်းဝယ်နေကြသော ပဲသီးနှံအနက် ဘိုကိတ်ပဲသီးနှံလည်း ပါဝင်နေပြီး လက်ကားရောင်းဝယ်မှုအပြင် လက်လီသမားများကလည်း နေ့စဉ်အဝယ် ရှိကြောင်း သိရပါသည်။ လက်ကားရောင်းဝယ်မှုအနေဖြင့် တစ်ရက် အိတ် ၅၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ လက်လီရောင်းဝယ်မှုမှာ တစ်ရက် အိတ် ၂၀ ကျော်သာ ရောင်းချမှုရှိခဲ့ကြောင်း၊ ဘိုကိတ်ပဲသီးနှံဈေးမှာ တစ်တင်း ၆၀၀၀၀ ကျပ်ဖြင့် ရောင်းဝယ်ခဲ့ကြရ၍ အခြားပဲများနှင့်ယှဉ်လျှင် ဈေးအေးနေသော်လည်း ယခင်နှစ်နှင့် ယှဉ်သည့်အ
