ကုန်သွယ်မှုသတင်းများ
တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၇၅၀၀ ကျပ်မှ ယခုဇူလိုင်လ(ပထမအပတ်)တွင် တစ်ပိဿာလျှင် ၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်းဆက်လက်မြင့်တက်ပါသည်။

အရောင်အသွေးစုံလင်လှသော ဂန္ဓာမာပန်းသည် မြင်သူတိုင်း သဘောကျနှစ်ခြိုက်သောပန်း ဖြစ်ပါသည်။ ဂန္ဓာမာပန်းသည် ကမ္ဘာပေါ်တွင် တန်ဖိုးထားအမြတ်တနိုးသုံးစွဲပြီး စီးပွားဖြစ် စိုက်ပျိုး ထုတ်လုပ်သောပန်းဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဂန္ဓာမာပန်းသည် ဘုရားပန်းအဖြစ် လည်းကောင်း၊ အလှူမင်္ဂလာဆောင်အခမ်းအနားများတွင် အလှပန်းအိုးအဖြစ်လည်းကောင်း အသုံးပြုကြသောပန်းဖြစ်ပါသည်။ အရောင်အသွေးစုံလင်လှသော ဂန္ဓာမာပန်းများကို စိုက်ပျိုးခြင်းသည် မြန်မာနိုင်ငံအတွင်း စီးပွားဖြစ်စိုက်ပျိုးရေးလုပ်ငန်းတစ်ခု ဖြစ်ပါသည်။<

မလေးရှားစားအုန်းဆီ သိုလှောင်မှုလက်ကျန်သည် ဇွန်လအကုန်တွင် တန်ချိန် ၁.၈၅ သန်း ရှိခဲ့ရာ လေးလအတွင်း တင်ပို့မှုများ ပို၍လျော့နည်းလာခဲ့သည့်အပြင် ယခင်လထက် ၁၀.၅ ရာခိုင် နှုန်းဖြင့် သိုလှောင်မှုပမာဏ များပြားလာခြင်းဖြစ်ကြောင်း၊ ယခင် ၂၀၂၂ ခုနှစ် ဇွန်လသိုလှောင်မှု တန်ချိန် ၁.၆၅ သန်းထက် ၁၂ ရာခိုင်နှုန်း ပိုမိုကြောင်း ရိုက်တာသတင်းဌာနအား ကိုးကားလျက် The Star သတင်းဌာနက ဇူလိုင်လ ၆ ရက်နေ့၌ ဖော်ပြထားသည်။

အမေရိကန်နိုင်ငံ၌ ပဲပုပ်စိုက်ပျိုးမှုမှာ မျှော်မှန်းထားသည့် ဧရိယာပမာဏထက် လျော့နည်းလျက် ပဲပုပ်ဈေးကွက်အပေါ် ရိုက်ခတ်မှုက ပဲပုပ်ဆီဈေးနှုန်းကို မြင့်တက်စေခဲ့ပြီးနောက် မလေးရှားစားအုန်းဆီ၏ ဈေးနှုန်းသည်လည်း ၅ ရာခိုင်နှုန်း ပိုမိုမြင့်တက်လာပြီး တစ်တန်လျှင် မလေးရှား ရင်းဂစ် ၄၀၀၀ ခန့်သို့ ရောက်ရှိလာပါသည်။

တစ်ပိုင်းလျှပ်ကူးပစ္စည်းများ (semiconductors) နှင့် အခြားလျှပ်စစ်ပစ္စည်းများ ထုတ်လုပ်ရာတွင် လိုအပ်သည့် ဂါလီယမ် (gallium) နှင့် ဂျာမနီယမ် (germanium) သတ္တုများတင်ပို့မှုအပေါ် ထိန်းချုပ်လိုက်သည့် တရုတ်နိုင်ငံ၏ ကြေညာချက်အား အမေရိကန်နိုင်ငံက ခိုင်မာစွာဆန့်ကျင် ပြောဆိုခဲ့ပြီး အဆိုပါအရေးကိစ္စကို ဖြေရှင်းရန် ၄င်း၏မိတ်ဖက်အဖွဲ့ အစည်းများနှင့် ဆွေးနွေးတိုင်ပင်သွားမည်ဖြစ်ကြောင်း အမေရိကန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဦီးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ဇူလိုင်လ ၅ ရက်နေ့ (ဗုဒ္ဓဟူးနေ
