Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
25 Aug 2022

         မကွေးတိုင်းဒေသကြီး၊  ပွင့်ဖြူမြို့နယ်ပတ်ဝန်းကျင်ရှိ ကျေးရွာများသည် လယ်ယာဥယျာဉ်ခြံမြေ များတွင် သီးနှံစားပင်မျိုးစုံကို စီးပွားဖြစ်စိုက်ပျိုးကြပြီး မြန်မာနိုင်ငံအနှံ့စားသုံးမှုများ၍ ဈေးကွက် အခိုင်အမာရှိသော ကွမ်းရွက်ကိုလည်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြကြောင်းသိရသည်။ ပွင့်ဖြူဒေသတွင် ကွမ်းစိမ်းနှင့် ကွမ်းနုဝါ(ရွှေဒါး) ကို အဓိကစိုက်ပျိုးကြကြောင်း၊ ကွမ်းရွက်ကို ကွမ်းယာစားသုံးရာတွင် အသုံးပြုရန်နှင့် တိုင်းရင်းဆေးဖော်စပ်ရာတွင် အသုံးပြုရန် အဓိကဝယ်ယူကြကြောင်း သိရသည်။

25 Aug 2022

         ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ဖျာပုံမြို့နယ်ဆီကုန်သည်များအသင်းတို့ ပူးပေါင်း၍ အခြေခံပြည်သူဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်စေရေး အတွက် စားအုန်းဆီ(၁)ပိဿာကို(၅၃၀၀)ကျပ်နှုန်းထားဖြင့် လူဦးရေ(၂၂၀) ဦးအားဩဂုတ်လ(၂၂) ရက်နေ့ ၊မနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်ဆန်စက် ဆန်ကုန်သည်အသင်းရုံး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

25 Aug 2022

          မန္တလေးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်မှ ဝန်ထမ်းများသည် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများဝယ်ယူ သုံးစွဲနိုင်ရေး၊ စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးတို့အတွက် စျေးကားဖြင့် လှည့်လည်ရောင်းချမည့်အစီအစဉ်ကို (၁၆-၈-၂၀၂၂) ရက်နေ့မှ (၂၁-၈-၂၀၂၂) ထိ ယာဉ်(၄)စီးဖြင့် မိတ္ထီလာခရိုင်အတွ

24 Aug 2022

          ကလေးမြို့သည် နယ်စပ်ဒေသမြို့ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သောမြို့တစ်မြို့ ဖြစ်ပါသည်။ လယ်ယာထွက်ပို့ကုန်သီးနှံများဖြစ်သည့် ဆန်/စပါး၊ ပဲ၊ ပြောင်း၊ ဆီထွက်သီးနှံ၊ စားဖိုဆောင်သုံးသီးနှံ၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထွက်ရှိပြီး တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ကြသည့်ဒေသ ဖြစ်ပါသည်။

24 Aug 2022

          GM ကုမ္ပဏီမှ အသစ်ထုတ်လုပ်ထားသောသော Suburbans၊ Tahoes နှင့် Escalades အမျိုးအစား မော်တော်ယာဉ်များသည် ၎င်းတို့၏ တတိယတန်းထိုင်ခုံခါးပတ်များကို ပြန်လည်စစ်ဆေးရန်နှင့် အစိတ်အပိုင်းအချို့ အစားထိုးပြုပြင်ရန်လိုအပ်ကြောင်း သိရှိရသည်။

Pages