ကုန်သွယ်မှုသတင်းများ
ပန်းဂေါ်ဖီမှာ ပန်းဂေါ်ဖီ(အဖြူ)နှင့် ပန်းဂေါ်ဖီ (အစိမ်း) ဟူ၍ နှစ်မျိုးရှိပါသည်။ ယခုအခါတွင် ပြည်မြို့ရှိဈေးများတွင် ပုတီးကုန်းမြို့နယ်မှ စိုက်ပျိုးတင်သွင်းရောင်းချသည့် ပန်းဂေါ်ဖီ အဖြူများမှာ ဈေးကောင်းရပြီး အရောင်းအဝယ်လည်း အသင့်အတင့်ရှိကြောင်း သိရှိရပါသည်။ ပန်းဂေါ်ဖီ ဈေးများမှာ အကြီး တစ်ထုတ်လျှင် ၇၀၀-၁၀၀၀ကျပ် အထိရှိပြီး၊ ပန်းဂေါ်ဖီ အသေး တစ်ပွင့်လျှင် ၃၀၀-၅၀၀ကျပ်ထိရှိပြီး ဈေးကောင်းရလျက်ရှိကြောင်း သိရှိရပါသည်။
ပြည်ဒေသတွင် ယခုလို မိုးတွင်းကာလဖြစ်သော ဩဂုတ်လတွင် ကတွတ်သီးများစတင်၍ ဈေးကွက်သို့ ဝင်ရောက်လာပြီး အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ကတွတ်သီးများကို ပြည်မြို့နယ်အတွင်းရှိ ပျဉ်းပင်ကိုင်းနှင့် သဇင်လှဘက် ကတွတ်ပင်မှ ကတွတ်သီးများ ထွက်ပေါ် လာသဖြင့် ပြည်မြို့ရှိ ဈေးများသို့လာရောက်ရောင်းချလျှက်ရှိပြီး ကတွတ်ယိုရောင်းချသူများနှင့် အိမ်တွင် သရေစာအဖြစ် ကတွတ်ယိုထိုး၍စားသုံးရန်အတွက် ဝယ်ယူသူများရှိပါသည်။ ဝင်သလောက် အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။ ကတွတ်သီးဈေးများမှာ ပေါ်ခါစတွင် အလုံး(၁၀၀)လျှင် ၁၀၀၀ကျပ်ခန့်
ပြည်ဈေးကွက်သို့ ယခု ဩဂုတ်လ အတွင်းတွင် ဩဇာသီးများစတင်ဝင်ရောက်လာပြီး အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ဩဇာသီးများကို ပန်းတောင်းမြို့နယ်ဘက်ရှိ ကျေးရွာများဖြစ်သော ဗြူးကုန်းရွာ၊ ရွှေဘုံသာရွာ၊ ညောင်ပင်သာရွာ၊ ရွာသစ်ရွာနှင့် သစ်စိမ့်ပင်ကျေးရွာများမှ ဝင်ရောက်မှုရှိသလို ပြည်မြို့နယ်အတွင်းရှိ မှော်ဇာနှင့် တောင်လုံးညိုကျေးရွာတို့မှ လာရောက် ရောင်းချသည်ကို တွေ့ရှိရပါသည်။ ဩဇာသီးဈေးများမှာ ပေါ်ခါစဖြစ်သဖြင့် အကြီးတစ်လုံးလျှင် ၅၀၀-၈၀၀ကျပ်ခန့်ရှိပြီး၊ အသေးတစ်လုံးလျှင် ၃၀၀ကျပ်ဖြင့် ရောင်း
ပြည်ဈေးကွက်သို့ ဩဂုတ်လ စတုတ္ထပတ်တွင် မြန်အောင်၊ ကြံခင်း၊ မိုးညို၊ ကြို့ပင်ကောက်၊ ပန်းတောင်း၊ ဥသျှစ်ပင်နှင့် ပေါက်ခေါင်းဘက်မှ နေ့စဉ်ဝင်ရောက်မှုရှိသဖြင့် အရောင်းအဝယ် ပုံမှန်ဖြစ်လျှက်ရှိပါသည်။ နှမ်းအထွက်လှိုင်လာချိန်ဖြစ်သဖြင့် နေ့စဉ်ဝင်ရောက်မှုမှာ နှမ်းအိတ် (၁၀၀၀)ခန့် ဝင်ရောက်မှုရှိသည်ကို တွေ့ရှိရပါသည်။ အရောင်းအဝယ်ဖြစ်မှုမှာ ဝင်သလောက် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ မန္တလေးဝယ်လက်များသည် နှမ်းနက်များကို အဝယ်ရှိပြီး၊ ဆီစက်လုပ်ငန်းရှင်များမှာ နှမ်းနီကိုအဝယ်ရှိသဖြင့် ပြည်ဈေ
ပြည်ဈေးကွက်တွင် မြေပဲဆန်ဈေးမှာ ယခုဩဂုတ်လ စတုတ္ထပတ်တွင် ဈေးငြိမ်နေသည်ကို တွေ့ရှိ ရပါသည်။ ပြည်-အောင်ကြားရှိကျေးရွာများမှ နေ့စဉ်အဝင်ရှိသလို ဝက်ထီးကန်နှင့် ရွှေတောင် ဘက်မှလည်း နေ့စဉ်အဝင်ရှိသဖြင့် တစ်နေ့လျှင် မြေပဲဆန်အိတ် ၁၀၀၀ခန့်ဝင်ရောက်မှုရှိပါသည်။ ဝင်ရောက်လာသောမြေပဲဆန်များမှ လုံးဆန်ကိုမြဝတီဝယ်လက်များက အဝယ်ရှိသလို ဆီဆန်ကို ဆီစက်သမားများက အဝယ်ရှိသဖြင့် တစ်နေ့လျှင်အိတ် (၁၀၀၀) ခန့် ဝင်သလောက် အရောင်း အဝယ်ဖြစ်လျှက်ရှိပါသည်။ ဝင်ရောက်မှုရှိပြီး အရောင်းအဝယ်ဖြစ်သော်လည်း မြေပဲဆန်ဈ