Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
24 Apr 2023

     တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ယခင်လ လကုန်ပိုင်းက ကြက်သား(ရင်အုပ်သီးသန့်) တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်ရှိရာမှ ယခုသင်္ကြန်အပြီးတွင် တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်၊ အခြမ်းလိုက်ဈေး ယခင်လကုန်ပိုင်းက တစ်ပိဿာလျှင် ၉၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ် အသီးသီးဈေးတက်သွားပါသည်။

24 Apr 2023

        မြန်မာလူမျိုးများ ကြိုက်နှစ်သက်စွာ စားသုံးသောသီးနှံများထဲတွင် ဘူးသီးသည် တစ်မျိုးအပါအဝင်ဖြစ်ပါသည်။ ဘူးသီးကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးကြပြီး တစ်နှစ်ပတ်လုံး အသီးသီးသော ဟင်းသီးဟင်းရွက်အုပ်စုဝင် အပင်လည်းဖြစ်သည်။ ပြည်မြို့ရဲ့ အနီးပတ်ဝန်းကျင်ဒေသများဖြစ်သော ပုတီးကုန်း၊ သဲကုန်း၊ ဝက်ပုတ်၊ အင်းမ၊ ဆင်မြီးဆွဲ၊ မှော်ဇာ၊ တောင်လုံးညို၊ ဖိုးခေါင် အစရှိသည့်နယ်များတွင်စိုက်ပျိုးကာ ပြည်မြို့ပေါ်ရှိ မြို့မဈေးကြီးနှင့် ဈေးအသေးများသို့ တင်ပို့ရောင်းချကြောင်း သိရပါသည်။ ဘူး

24 Apr 2023

   ဆူးပုတ်ရွက်ဆိုတာ ဆူးပုတ်ပင်၏အရွက်ဖြစ်ပါသည်။ အရွက်ဆိုရာမှာလည်း အရွက်အနု၊ အညွှန့်ကိုပဲ စားကြတာများပါသည်။ ရိုးတံထဲမှာအဆူးလေးတွေပါတတ်ပြီး အရွက်လေးတွေက သေးငယ်ကာ ရွက်ဆိုင်လေးတွေ ပေါက်တာဖြစ်ပါသည်။ ရိုးတံလေးများမှာဖြာထွက်ပြီး အရောင်မှာ‌တော့ အစိမ်းရောင်လေးဖြစ်ပါသည်။ အရွက်၏ အနံမှာတော့ နည်းနည်းပြင်း တဲ့အနံ့ဖြစ်ပါသည်။ အရွက်မှာနူးညံ့ပြီး ကြွပ်ကြွပ်လေးဖြစ်ကာ အရသာမှာတော့ နည်းနည်းခါးသက်ပါသည်။ ဆူးပုတ် ရွက်တွင် အာဟာရဓါတ်တွေများစွာရှိပြီး ပါဝင်သည့် အဟာရတွေမှာ ဗီတာမင်အေ၊ ကယ်ဆီယမ်၊ ဖောစ‌ဖရိတ

24 Apr 2023

      ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အတွင်း မြို့နယ်များရှိ စည်ပင်သာယာဈေးများတွင် (၂၀၂၃) ခုနှစ် ဧပြီလ (တတိယပါတ်)အတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များမှာ ဧည့်မထဆန် (သစ်) တစ်ပြည်ကျပ် (၂၃၀၀)၊ ဧည့်မထဆန် (သစ်) (၂၄)ပြည် တစ်အိတ်လျှင် ကျပ် (၅၀၀၀၀) ၊ ကြက်သွန်နီသစ် လက်လီဈေးနှုန်းမှာ (ကြီး) တစ်ပိဿာလျှင် ကျပ် (၁၆၀၀) ၊ (လတ်) တစ်ပိဿာလျှင် ကျပ် (၁၄၀၀) ၊ (အသေး) တစ်ပိဿာလျှင် ကျပ် (၁၂၀၀)၊ ကြက်သွန်ဖြူ လက်လီ (ရှမ်း) တစ်ပိဿာလျှင် ကျပ် (၇၀၀၀) ၊ ပဲနီလေး တစ်ပိဿာလျှင် ကျပ် (၄၀၀၀)၊ နနွင်းတက် တစ်

24 Apr 2023

   ပြည်စျေးကွက်တွင် အရောင်းအဝယ်ဖြစ်သော ခရမ်းချဉ်သီးများမှာ ရှမ်းသီးနှင့် ကိုင်းခရမ်းချဉ်သီးတို့ဖြစ်ပါသည်။ ယခင်က ခရမ်းချဉ်သီးစျေး တစ်ပိဿာလျှင် (၂၀၀၀)ကျပ်သာရှိရာမှ ယခု ဧပြီလနောက်ဆုံးပတ်တွင် ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၃၅၀၀)ကျပ် မှ (၄၀၀၀)ကျပ်ထိ မြင့်တက်လာခဲ့ပါသည်။ ခရမ်းချဉ်သီးကို တခြားတိုင်းဒေသကြီးမှ ဝယ်ယူရောင်းချခြင်းနှင့် ရွှေတောင်မြို့နယ်မှ ဝယ်ယူရောင်းချကြောင်း သိရပါသည်။ ယခုအချိန်တွင် ခရမ်းချဉ်သီးစျေး မြင့်တက်လာခြင်းမှာ ခရမ်းချဉ်သီး စိုက်ပျိုးသည့်ရာသီချိန် မဟုတ်သည့်အတွက် ခရမ

Pages