ကုန်သွယ်မှုသတင်းများ
ပြည်ဈေးကွက်အနေဖြင့် ငရုတ်သီးစိမ်းများရောင်းချရာတွင် အမျိုးအစားအလိုက်ခွဲခြား၍ ဈေးနှုန်းများ သတ်မှတ်လျက်ရှိပြီး ပီနန်သီးနှင့် စပ်သီးအမျိုးအစားများမှာ အမြင့်ဈေးနှင့်ရောင်းချကြပါသည်။ ကျောက်စိမ်းသီး အမျိုးအစားမှာ အနှစ်ရပြီးသိပ်မစပ်သည့်အတွက် ရောင်းဈေးမှာလည်း ဈေးသက်သာပါသည်။
သခွပ်ပင်သည် နွေအခါ၌အရွက်ကြွေသော အရွယ်အလတ်စား သစ်ပင်မျိုးဖြစ်သည်။ မလွှပင်၊ ကြောင်လျှာပင်တို့ကဲ့သို့ မျိုးရင်းဝင်ဖြစ်ပြီး ရုက္ခဗေဒအမည်အားဖြင့် ဒိုလီချန်ဒရုန်းကရစ္စပါ ဟုခေါ်သည်။ သခွပ်ပင်သည် ပေ (၄၀) မှ (၆၀)အတွင်းအမြင့်ရှိပြီး သခွပ်ဖိုနှင့် သခွပ်မဟူ၍ အမျိုးအစား (၂)မျိုးရှိပါသည်။ သခွပ်ဖိုပင်ကို မြန်မာတစ်နိုင်ငံလုံး၌တွေ့ရပြီး အထူးသဖြင့် စစ်ကိုင်း၊ ပျဉ်မနား၊ သံတွဲမြို့များ၌တွေ့ရပါသည်။ မြန်မာဆေးကျမ်းအလိုအရ သခွပ်ပွင့် အနီ/အဖြူ (၂)မျိုးရှိပြီး ချို၊ ဖန်၊ ခါး အရသာရှိသည့် သခွပ်ပွင
ပြည်(ချင်း)ပွဲရုံများသို့ ချင်းထွက်ရာဒေသတို့မှ အဝင်နည်းနေခဲ့သည်။ ပြည်ပွဲရုံများတွင် ချင်းဈေးလုံးဝ ငြိမ်နေခဲ့ရာမှ ယခင်အပတ်မှစ၍ တစ်ပိဿာဈေးနှုန်း ၈၀၀မှ ၁၀၀၀ အထိ ဈေးနှုန်းမြင့်တက်လာတာ တွေ့ရပါသည်။ ယခုအပတ်ချင်းဈေးမှာ (ပွဲရုံဈေး) ၃၅၀၀ ကျပ်ဖြစ်ပြီး (လက်လီဈေး) မှ ၄၀၀၀ / ၄၂၀၀ ကျပ်တို့ဖြင့် ရောင်းဝယ်နေသည်ကို တွေ့ရပါသည်။ ဒါးလှီးချင်း(ဖတ်) တစ်ပိဿာ ၃၈၀၀ကျပ်ဈေးဖြစ်ပြီး အရောင်းအဝယ်မှာ ခရိုင်တွင်ဈေးများမှ ဝယ်လက်များနှင့် ဒေသတွင်းလက်လီသမားတို့ အခွဲများနေသောကြောင့် အရောင်းအဝယ်ဖြစ်နေကြောင
ပြည်ပဲမျိုးစုံဈေးကွက်အနေဖြင့် ဈေးအမြင့်ဆုံးရနေပြီး ပြည်တွင်းစားသုံးမှုများတဲ့ပဲသီးနှံမှာ စားတော်ပဲသီးနှံဖြစ်ပါသည်။ စားတော်ပဲသီးနှံမှာဆိုလျှင် မြန်မာလူမျိူးတို့ရဲ့ နံနက်စာမှာ မပါမဖြစ်နီးပါး ပါဝင်စားသုံးကြတဲ့ ပဲဖြစ်၍ ပြည်ပွဲရုံများမှ ပဲပြုတ်ရောင်းချရန်ဝယ်ယူကြသည့် လက်လီဝယ်ယူသူပိုများကြောင်း သိရှိရပါသည်။ စားတော်ပဲသီးနှံသည် နှစ်စဉ်လိုလို ဈေးကောင်းရနေပြီး ဈေးကွက်အတွင်း ဈေးအမြင့်ဆုံးရလျက်ရှိသလို ယခုနှစ်မှာလည်း တစ်တင်းလျှင် ကျပ်(၁၀၀၀၀၀)အထက်ဈေးအမြင့်ဖြင့် ရောင်းဝယ်ခဲ့ကြသောကြောင့
အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဧပြီလ(၁၂)ရက်နေ့မှ ဧပြီလ (၁၈)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင
