Main menu

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

Powered by Drupal

      အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဧပြီလ(၁၂)ရက်နေ့မှ ဧပြီလ (၁၈)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်(ပိဿာ)ကျပ် ၂၂၀၀ မှ ၂၇၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၁၅၀၀ မှ ၃၅၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၆၀၀ မှ ၁၆၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၁၅၀၀ မှ ၂၃၀၀ အတွင်း၊ မုန့်လာဉနီ(ပိဿာ) ကျပ် ၁၂၀၀ မှ ၂၀၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၁၅၀၀ မှ ၆၀၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် ၁၀၀၀ မှ ၂၇၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၁၅၀၀ မှ ၂၅၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၁၂၀၀ မှ ၁၅၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ)ကျပ် ၃၈၀၀ မှ ၄၂၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် ၄၂၀၀ မှ ၄၅၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၂၅၀၀ မှ ၄၀၀၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် ၂၀၀ မှ ၃၀၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၈၀ မှ ၁၀၀ အတွင်း၊ ခရမ်းသီး  (ရှည်)(ပိဿာ)ကျပ် ၁၅၀၀ မှ ၂၆၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၁၀၀ မှ ၃၀၀ အတွင်း၊ ငရုတ်သီး စိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် ၁၈၀၀ မှ ၂၅၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၁၀၀၀ မှ ၉၀၀၀ အတွင်းဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း(၁၀၅၀၀၀)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) (၂၆၄၄၀)ကျော်၊ ဗူးသီးအလုံးပေါင်း (၄၆၂၀)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(၃၈၅၀)ကျော်၊ ဂေါ်ဖီထုပ် ပေါင်း (၆၈၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၁၄၁၀၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၅၅၁၅) ကျော်၊ ဖရဲသီးလုံးပေါင်း (၁၁၆၀၀)ကျော်  အသီးသီးကုန်အဝင်ရှိကြောင်း သိရပါတယ်။

DOCA(ရန်ကုန်)